spot_img
Tuesday, September 27, 2022
spot_img

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂၇ ယောက်အထိရှိလာ၊ ၃ ဦးသေဆုံး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)
ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ နံနက် ၃ နာရီ နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၄ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ယခုဆိုလျှင် မြန်မာနိုင်ငံတွင် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂၇ ဦးအထိ ရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂၇ ယောက်အထိရှိလာ၊ ၃ ဦးသေဆုံး

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုး ကူးစက်ခံရသူများသည် ရန်ကုန်မှ ၁၇ ဦး၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှ ၄ ဦး၊ မန္တလေးမှ ၁ ဦး၊ ချင်းပြည်နယ် တီးတိန်မြို့မှ ၂ ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့မှ ၁ ဦး၊ နေပြည်တော်မှ ၁ ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

Covid-19 ရောဂါပိုး ကူးစက်ခံရသူ ၂၇ ဦးထဲမှ ၃ ဦးသည် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

အသက်ဆုံးရှုံးခဲ့ရသူများသည် ရန်ကုန်မြို့မှ ၂ ဦး နှင့် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ဖြစ်ကြသည်။

Related Stories