spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ယမန့်နေ့ ဖယ်ခုံမြို့ နယ်အတွင်း တိုက်ပွဲ တနေ့ကုန်ဖြစ်ပွား၊ နန့်ပေါ်လုံကျေးရွာက နေအိမ်တချို့ မီးရှို့ခံရ

လဲသျှို့ / ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ (မေလ ၂၀) ရက်နေ့) ဖယ်ခုံမြို့နယ်မှာ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နန့်ပေါ်လုံကျေးရွာက နေအိမ်တွေကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ ကရင်နီ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။

“သူတို့ အဲ့မှာ တိုက်ပွဲဖြစ်တယ်လေ။ မနေ့ညက တစ်နေကုန်ပဲ သူတို့ပြောတာပဲ။ တစ်နေကုန်ဖြစ်တယ်လေ။ သူတို့ဘက်လည်း ၄၂၆ကနေစပြီး သူတို့ထိုးလာတယ်လေ။ အဲ့မှာလည်း PDF တွေရှိတယ်ရော။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့လူလည်း ကျတယ်။ သူတို့လူကျတာလည်း နည်းနည်းရှိမယ်ထင်တယ်။ အဲ့တာကြောင့်မလို့ ရှို့တယ် ထင်တယ်။ PDF တွေလည်း ကျတယ်။ အဲ့တာကြောင့်မလို့ထင်တယ်“ လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မနက် ၈နာရီကနေစတင်ပြီး ညနေ ၆နာရီအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးမှုတွေရှိနိုင်တယ်လို့ ဖယ်ခုံ PDF က ပြောပါတယ်။

ဖယ်ခုံမြို့အင်းအရှေ့ဘက်ခြမ်းမှာ မေလ ၁၅ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နန့်ပေါ်လုံကျေးရွာက နေအိမ်တချို့ ကိုတော့ တိုက်ပွဲ အပြီး ည ၇နာရီအချိန်မှာ မီးရှို့ခံရတယ်လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“မနေ့က ပြောမယ်ဆိုလို့ရှိရင် သုံး၊ လေး လုံးလောက် လောင်ပြီပြောတယ်။ သူတို့ စရှို့တာလေးနာရီလောက်ကတည်းကပေါ့နော။ ၆နာရီကျော်ကနေစရှို့တော့ မှောင်တဲ့အချိန်အထိဆိုတော့ ၇နာရီ ၈နာရီအထိ ဆက်ကူးသေးတာပဲ မီးက။ တစ်လုံးနှစ်လုံးပဲ နောက်တစ်ဖြည်းဖြည်ကူးတာ“ လို့ KNDF B-03 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မိုးရွာလာတဲ့အတွက် သုံးအိမ်အထိ မီးစွဲလောင်သွားပြီး ဆက်မလောင်တော့ဘူးလို့ ဆိုပါတယ်။ နန့်ပေါ်လုံကျေးရွာဟာ မေလ ၁၆ရက်နေ့က ရွာလုံးကျွတ်နီးပါးမီးရှို့ခံထားရတဲ့ ဆောင်နန်းခဲကျေးရွာရဲ့ အနီးမှာရှိပါတယ်။

လက်ရှိမှာ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်ဖြစ်ပွားနေပြီး စစ်ကောင်စီကလည်း စစ်ကြောင်းတွေထပ်ထိုးလာတာရှိနေတဲ့အတွက် လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကျေးရွာ၁၅ရွာက ဒေသခံ ၅ ထောင်နီးပါးစစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်လျက်ရှိနေပါတယ်။

spot_img
spot_img