spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှားတောမြို့နယ်ရှိစစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA ၊ KNDF တို့ ပြောက်ကျားတိုက်ခိုက်


ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA၊ KNDF B-17 တို့က ပြောက်ကျားသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF B-17 က ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“သူတို့က တပ်စခန်းဆုတ်လာတဲ့အချိန်မှာပဲ လမ်းမှာတိုက်ပွဲဖြစ်တယ်။ တစ်နေကုန် တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး သူတို့ အဲလိုဆုံကြလိုက်တိုက်ကြလိုက်နဲ့ တစ်ရက်ထဲမှာ တိုက်ပွဲ တစ်ခါနှစ်ခါဖြစ်တဲ့ ရက်လည်းရှိတယ်။” လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။

ဩဂုတ်လ ၁၃ရက်နေ့ နေ့လည် ၁နာရီက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်မှာ စစ်ကောင်စီတပ်ဖက်မှ လွိုင်ကော်မြို့ကနေ လက်နက်ကြီး ကူပစ်တာလည်း ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ရက်နေ့မှာလည်း ရှားတောမြို့တစ်နေရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၅ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၇ရက်နေ့မှာလည်း ရှားတောမြို့နယ်က တငူးဆိုတပ်စခန်းကနေ တပ်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၁၄ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ KA၊ KNDF B-14 တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNDF B-14 က ထုတ်ပြန်ထားပါတယ်။ ၁နာရီ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအများအပြား အသုံးပြုပစ်ခတ်ခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီဖက်က အင်အားအလုံးအရင်းတွေနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လွိုင်ကော်- ရှားတော ဖက်မှာတော့ စစ်ကောင်စီတပ်က အပြင်ထွက်တာနဲ့ တိုက်ပွဲဖြစ်နိုင်တယ်လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

“ဒီစစ်ကောင်စီဖက်က စစ်ကြောင်းတွေ ရှိနေသရွှေ့တော့ တိုက်ပွဲဖြစ်နေအုံးမှာပဲ သူတို့အခုက သူတို့ စစ်ကြောင်းတွေ ဆက်ဖို့ ပြင်ဆင်နေတယ်လို့တော့ ကြားရတာပေါ့လေ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ သူတို့အပြင်ထွက်တိုင်း တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ တိုက်ပွဲတွေလည်း ရှိနေအုံးမှာပဲ။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

ကရင်နီပြည်မှာ ဩဂုတ်လ ဒုတိယပတ်အထိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော နဲ့ ဘောလခဲ မြို့နယ်တွေမှာ တိုက်ပွဲတွေရက်ဆက်ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၁ရက်ကနေ ၁၅ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၂၄) ဦး သေဆုံးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img