spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

လိုခါးလို တိုက်နယ်ဆေးရုံတွင် ဆရာဝန်ပုံမှန်မရှိခြင်းကြောင့် ဒေသခံများအခက်တွေ့

Author

Date

Category

ထျိုးမြာ

ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်များ ပုံမှန်မရှိခြင်းကြောင့် ဒေသခံများဆေးကုသမှုခံယူခွင့် ကောင်းစွာမရရှိနိုင်ကြ ဟု မော်ချီးဒေသမှ NLD ရပ်ကျေးဥက္ကဌ ဦးဇော်သူရိန်ဝင်းကပြောသည်။

“ဆေးပစ္စည်းအစုံအလင်နဲ့ ဆရာဝန်လေးငါးယောက်တော့ လိုတာပေါ့။ မော်ချီးဒေသက ဖားဆောင်းမြို့နယ်ထဲမှာပါပေမယ့် လူဦးရေးကပိုများတယ်လေ၊ ဖြစ်နိုင်ရင် ဖားဆောင်းဆေးရုံလိုပဲ ဖွဲ့စည်းပုံ ပြည့်ပြည့်စုံစုံရရင်တော့ ပိုကောင်းတာပေါ့။” ဟု ဦးဇော်သူရိန်ဝင်းကပြောသည်။

လက်ရှိအနေအထားအရ ဆရာဝန် အများစုမှာ ဝေးလံသော နေရာများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်မှုမပြုလုပ်  လိုသည့် ပြသနာရှိနေကြောင်း စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဒေါက်တာအောင်ကျော်ဌေးက မော်ချီးဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က ရှင်းပြပြောဆိုခဲ့သည်။

“ကျန်းမာရေးနှင့်ပတ်သက်လို့ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုပြီးတော့ နှစ်ပိုင်းရှိပါတယ်။ ကုသရေးဆိုတာက ဆေးရုံကြီး တိုက်နယ်ဆေးရုံ မြို့နယ်ဆေးရုံတွေပါပါတယ်။ အဲ့ဒီမှာရှိတဲ့ ဆရာဝန်တွေက ကုသရေးဘက်မှာရှိလို့ရှိရင် နယ်တွေဘက်မှာ သွားရမှာဆိုတဲ့အခါကြတော့ ပြည်သူ့ကျန်းမာရေးဖက်ပြောင်းဖို့ အထိကိုသူတို့စာတင်လို့ ကျွန်တော်လုံးဝခွင့်မပြုပါဘူး။ ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိအခြေအနေတွင် ပန်တိန်းတိုက်နယ်ဆေးရုံ၌ တာဝန်ကျနေသော ဆရာဝန်တစ်ဦးမှ လိုခါးလိုဆေးရုံသု့ိ ရောက်လာလိမ့်မည်ဖြစ်ပြီး ၎င်းအတွက် အမြန်ဆုံး ဆောင်ရွက်ပေးနေသည်ဟု ပြောသည်။

spot_img
spot_img
spot_img

Recent posts