လူငယ်စွမ်းရည်မြင့်တင်ပေးတဲ့ကျောင်းကို နိုင်ငံတကာအထောက်အပံ့ရဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာတင်ပြ

0
339

အန်ထောနီ

လူငယ်တွေကို စွမ်းရည်မြင့်တင်ပေးဖို့ ဖွင့်လှစ်ထားတဲ့ဆယ်တောရိုကျောင်းကို နိုင်ငံတကာကနေ အထောက်အပံ့ရနိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

လူငယ်တွေစွမ်းရည်မြင့်တင်ပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့ ဆယ်တောရို လူငယ်များငြိမ်းချမ်းရေး၊ ပညာရေးနှင့်ဖွံ့ဖြိုးရေးစင်တာကျောင်းကို ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုကျေးရွာအုပ်စု၊ ဒေါညေးခူကျေးရွာအနီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ဆယ်တောရိုကျောင်းမှာ လိုအပ်နေတဲ့အရာတွေကို နိုင်ငံတကာကနေ ကူညီပံ့ပိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရအဖွဲ့တို့ အွန်လိုင်းငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးတင်ပြခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဖွံဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ ဒုတာဝန်ခံ(၂) ဦးထူးချစ်က ပြောပါတယ်။

ဆယ်တောရိုကျောင်းဆောင်မီးရရှိဖို့အတွက် တခြားနိုင်ငံတကာအလှူရှင်တွေကနေ ကူညီပံ့ပိုးနိုင်ဖို့ဆွေးနွေးသွားကြတယ်လို့ ဆိုပါတယ်။