လက်ရှိပညာရေးစနစ်တွင် ကြုံတွေ့နေရသည့် အခက်အခဲအခြေအနေများကို အမည်မဖော်လိုသည့် အခြေခံပညာ အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းမှဆရာ/မများ၏ရင်ဖွင့်သံများ တင်ပြအပ်ပါသည်။
ထျိုးမြာ
အထက်တန်းပြဆရာ/မများ
၁။ ပညာရေးအနေနဲ့ လစာနည်းနည်းပါးပါးတိုးပေးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခုက ထမင်းချက်ဖို့အချိန်ကမရှိတော့ဘူး။ ညအထိ အိမ်စာတွေ လုပ်နေရတဲ့ဘဝ အမတို့မှာ အဲ့လိုဖြစ်နေတယ်။
၂။ လုပ်ရတဲ့အလုပ်နဲ့ ကိုက်ညီအောင်လစာတော့ တိုးပေစေချင်တယ်။ မိုးချုပ်အထိ အလုပ်လုပ်ရတာ။
၃။ လစာပဲတိုးစေချင်တယ်။ အရမ်းမောနေတယ်လို့ ဒီမှာ သင်ခန်းစာလည်းး နှစ်ခု သုံးခုကိုင်နေရတယ်လေး။ ပြီးတော့ ကျောင်းတွေမှာပေါ့နော။ မေဂျာနဲ့ ကိုက်ညီနဲ့သူတွေကိုပဲ ပို့စေချင်တယ်။ မေဂျာနဲ့ မကိုက်ညီတော့ ဆရာ/မတွေက တအားပင်ပန်းတယ်။ တစ်ချို့ဆိုရင် မေဂျာက အင်္ဂလိပ်စာ သင်နေရတာက ဘောဂအဲ့လိုမျိုးလေး။ တစ်ချို့ကြတော့ မေဂျာကအင်္ဂလိပ်စာ သင်နေရတာက သေချာဆိုတော့ ကမော့ကမတွေဖြစ်ကုန်တယ်။ ကျောင်းတွေမှာ။ အပြောင်းအရွှေ့တွေကိုပေါ့နော သူ့မေဂျာနဲ့သူကိုက်အောင် ကျောင်းကြီးတွေကိုကော ကျောင်းငယ်တွေမှာကော ချစေချင်ပါတယ်။ အဓိကကတော့ အင်္ဂလိပ်စာမေဂျာနဲ့၊ သချင်္ာမေဂျာနဲ့ ဆရာတွေကိုလိုအပ်တယ်။ မေဂျာနဲ့ ကိုက်ညီတဲ့ဆရာ/မတွေကို ချပေးမှ ကိုယ်ကျွမ်းကျင်တဲ့မေဂျာမှ ကျောင်းသူကျောင်းသားတွေကို ကိုယ်ကပေးနိုင်မှာလေး။ မေဂျာမကိုက်လို့ ကျောင်းသူကျောင်းသားတွေ ဒုက္ခရောက်တယ်လေးနော။
မူလတန်းဆရာ/မများ
၁။ ကျမတို့အနေနဲ့ကတော့ လစာတွေတိုးစေချင်တာရှိတယ်။ ကျမတို့က မြို့ပေါ်မှာဆိုပေမဲ့ ကျမတို့ဒေသစရိတ်ကိုဖြုတ်လိုက်တော့ ကျမတို့ဆို နေ့တိုင်းသွားနေရတယ်လေး။ ဒါကြောင့် ကျမတို့လည်း တန်းတူအခွင့်အရေးလိုချင်တယ်ပေါ့နော။ ကျမတို့လည်း သူများထက် ဘယ်လိုပြောရမလဲ ကျမတို့ခါကြတော့ အလုပ်လဲပိုတယ် ပြောရမှာပေါ့နော။ စာရင်းဇယားတွေကအစ အခမ်းအနားဆိုရင်လည်း ဒီအနီးအနားကပဲ သူတို့ခေါ်ပြန်ပြီ အဲ့လိုမျိုးဖြစ်နေတယ်လေး။ အဝေးကခါကြတော့ သွားလည်းမသွားရ လမ်းပမ်းဆက်သွယ်ရေးလည်း ကောင်းနေပြီဆိုတော့ သူတို့ခါကြတော့ ဘယ်လိုလို့ဒေသစရိတ်ကို ထည့်ပေးတယ်။ ကျမတို့ကိုခါကြတော့ ဒေသစရိတ်ဖြတ်လိုက်တော့ ကျမတို့လည်း နည်းနည်းရှိချင်တယ်ပေါ့နော။ အဲ့ဒါတစ်ချက်လောက် ကျမတို့ခါကြတော့ လမ်းပမ်းဆက်သွယ်ရေးလည်းကောင်းတယ်။ ဒါပေမဲ့ အလုပ်လည်းပိုလုပ်တယ်။ ဆိုတော့ လစာလေးတော့ တိုးပေးစေချင်တယ်လို့ အဲ့လိုတော့ ပြောချင်တယ်ပေါ့နော။
၂။ ကလေးတွေအတွက်က သိမ့်လိုအပ်မှုမရှိဘူး။ ဒါပေမဲ့ ကျမတို့အတွက်က လေးနာခွဲအထိကျောင်းတက်ရတယ်။ နောက်ပြီးတော့ ကျမတို့က မြို့နဲ့နီးတော့ အလုပ်ပိုများတယ်လေး။ ဒါကြောင့် လစာကိုတော့ တိုးပေးစေချင်တယ်။ စာသိမ့်မရတဲ့ကလေးတွေကို အချိန်ပို ပြန်သင်ပေးရတယ်။ မနက်ရှစ်နာရီခွဲအရောက်ကနေ ညနေလေးနာရီခွဲမှဆင်းရတယ်လေး။