လူမျိုးအမည်မှားယွင်းမှတ်ပုံတင်များကို ကယန်းအမည်မှန် ပြောင်းလဲမည်

0
331

ရှမ်း/တောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာနေထိုင်တဲ့ ကယန်းတိုင်းရင်းသား လူဦးရေ ၁၀၀၀ ကျော်ရဲ့ မှတ်ပုံတင်ရှိ လူမျိုးအမည်နေရာမှာ အခြားသောလူမျိုးတွေနဲ့ မှားယွင်းဖော်ပြထား တဲ့အတွက် ကယန်းလူမျိုးအမည်မှန်အဖြစ် ပြန်လည်ပြောင်းလဲဖို့ ၅ နှစ်အတွင်း လုပ်ဆောင်သွားမယ်လို့ အနိုင်ရ ကယန်းတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ခွန်းတင်နု(ခ)တင်ဒုက ကန္တာရဝတီတိုင်းမ်ကို ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ ကယန်းတိုင်းရင်းသားလူဦးရေ ၇၀၀၀ ဝန်းကျင်ခန့်ရှိတဲ့အနက် လူဦးရေ ၁၀၀၀ ကျော်ရဲ့ မှတ်ပုံတင်နာမည်တွေမှာ ကရင်၊ ပအိုဝ်း၊ ရှမ်းစတဲ့ လူမျိုးအမည်တွေနဲ့ အများဆုံးမှားယွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။