spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့နယ်ထဲက တရားစွဲခံတောင်သူတွေကို ဒဏ်ငွေ နှင့် ထောင်ဒဏ်များချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက လယ်မြေကိစ္စနဲ့ပတ်သက်ပြီး အမြောက်တပ် ၃၅၆ နှင့် ခြေမြန်တပ်ရင်း ၂၅၀ တို့မှ တရားစွဲဆိုထားသည့်အမှုကို လွိုင်ကော်မြို့နယ်တရားရုံးမှ ယနေ့ မှာ ဒဏ်ငွေ၊ ထောင်ဒဏ်များနှင့် အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။

အခုလို အမိန့်ချမှတ်တာကို လက်ခံလိုက်တာဟာ တရားစွဲတဲ့ စစ်တပ်ကို ကျေနပ်အောင်နဲ့ တောင်သူတွေဘက် သက်သာရာစေလိုတာဖြစ်ပြီး တောင်သူတွေအနေနဲ့မှားသည်ဖြစ်စေမှန်သည် ဖြစ်စေ အမှုရှုံးမယ်ဆိုတာကို အစကတည်းက သိပြီးသားဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့တောင်သူတစ်ဦးဖြစ်သူ ဦးဦးရယ်ကပြောပါတယ်။

“ ရှင်းရှင်းပြောရင်နှစ်ဘက်စလုံး ဟို စစ်တပ်ဘက်ကလည်း ကျေနပ်သွားအောင် ၊ ကျနော်တို့တောင်သူဘက်ကလည်းမှားသည်ဖြစ်စေမှန်သည်ဖြစ်စေ သက်သာအောင်၊ ပေါ့အောင်လုပ်လိုက်တဲ့သဘောဘဲ၊ ကျနော်တို့အစကတည်းကလဲသိပြီးသား ကျနော်တို့အစကတည်းက မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ ရှုံးမယ်ဆိုတာ သိပြီးသား၊ ဒါပါဘဲ” လို့ပြောပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းက ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲ ကျေးရွာက စစ်တပ်သိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ၊ ကျူးကျော်တာတွေ၊ ခြံခတ်ဖို့ ကျောက်တိုင်တွေကိုဖျက်ဆီးတာတွေ၊ ညစ်ညမ်းစွာဆဲ့ဆိုတာတွေ၊ ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး အမြောက်တပ် ၃၅၆ နဲ့ခြေလျင်တပ် ၂၅၀ က တပ်မတော်အရာရှိတွေက ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၂၇၊ နိုင်ငံတော်ပိုင်ပစ္စည်းပျက်စီးစေမှု ပုဒ်မ ၆/၁၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၄၉ စတဲ့ ပုဒ်မ ၅ ခုနဲ့တရားစွဲဆိုခဲ့တာပါ။

လွိုင်ကော်မြို့နယ်တရားရုံးရှေ့တွင် ယနေ့တောင်သူများမြင်တွေ့ရစဉ်

တရားစွဲဆိုခံရသူတွေထဲမှာ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်သုံးဦးဖြစ်တဲ့ ခွန်းဘွဲ့မှူး၊ ခွန်းကောရီယို၊ ခွန်းမောင်လွင်တို့အပါအဝင် ဒေါမူကလား၊ မြေနီကုန်းနဲ့ သုံးမိုင်ကကြဲရွာတွေက တောင်သူ ၁၉ဦး ပေါင်း ၂၉ ဦးကိုတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နှင့်တရားစွဲဆိုခံခဲ့ရပြီး ဒဏ်ငွေ နှစ်သောင်း (သို့မဟုတ်) အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့ ခွန်းဘွဲ့မှူးက အခုလို အမိန့်ချမှတ်လိုက်တာဟာ တရားမျှတမှုမရှိဘူးလို့ပြောပါတယ်။

“ ကျနော်တို့ကို အခုလို အမိန့်ချမှတ်လိုက်တာက တရားမျှတမှုမရှိဘူးလို့ပြောချင်တယ်၊ တောင်သူတွေနဲ့စစ်တပ်တွေ ပြသနာဖြစ်တဲ့အချိန် ကျနော်တို့က မဖြစ်သင့်မဖြစ်ထိုက်တာ ဖြစ်မှာစိုးလို့သွားပြီးတားတယ်၊ သတင်းအချက်အလက်တွေရယူတယ် အဲ့တာကျနော်တို့ကို ပိုင်နက်ကျူးလွန်မှုနဲ့တရားစွဲတယ်ဆိုတော့ တရားမျှတမှုမရှိဘူး” လို့ပြောပါတယ်။

တရားစွဲဆိုထားတဲ့ အမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ အမှုကို ထောင်ဒဏ် (၆) လ (သို့မဟုတ်) ဒဏ်ငွေ ၂ သောင်း ချမှတ်ခဲ့ပြီး၊ ကျန်အမှုတွေဖြစ်တဲ့ ပုဒ်မ ၄၄၇ ကို ဒဏ်ငွေနှစ်သောင်း (သို့မဟုတ်) အလုပ်နှင့်ထောင်ဒဏ် (၁၅) ရက်၊ ပုဒ်မ ၄၂၇၊ ၃၅၃၊၂၉၄ အမှုတွေကို ငွေဒဏ် ကျပ်နှစ်သောင်းပေးဆောင်ဖို့အမိန့်ချမှတ်ခဲ့ပါတယ်။

တရားစွဲဆိုခံရတဲ့ တောင်သူတွေဘက်က ဒဏ်ငွေပေးဆောင်ပြီး အမှုပြီးမြောက်ခဲ့တယ်လို့သိရပါတယ်။ လွိုင်ကော်မြို့နယ်အတွင်း ၁၉၉၀ ဝန်းကျင်က လာရောက်အခြေချခဲ့တဲ့ အမြောက်တပ် ၃၅၆ နှင့် ခြေမြန်တပ်ရင်း ၂၅၀ တို့က ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲရွာမြေတွေကို တပ်စခန်းဆောက်ဖို့သိမ်းယူခဲ့တာပါ။

သိမ်းယူမြေတွေထဲက ပိုနေတဲ့မြေတွေပေါ်မှာ ဒေသခံတွေ နှစ်စဉ်ထွန်ယက်စိုက်ပျိုးရာကနေ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ လယ်မြေတွေပေါ်မှာတပ်က ဆက်ပြီးလုပ်ကိုင်ခွင့်မပေးနိုင်တော့ဘူးလို့ပြောဆိုပြီး သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ အမှတ်အသားမှတ်တိုင်စိုက်တာ ခြံစည်းရိုးခတ်တာတွေကို ပြုလုပ်လာတဲ့အတွက် ဒေသခံတောင်သူတွေနဲ့ ပြသနာဖြစ်ခဲ့ကြပြီး စစ်တပ်က တောင်သူအရေးလိုက်ပါဆောင်ရွက်သူ သုံးဦးအပါအဝင် တောင်သူ ၁၉ ဦး ပေါင်း ၂၂ ဦးကို တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts