spot_img
Sunday, April 2, 2023
spot_img

လွိုင်ကော်မြို့အတွင်း ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် စတိုးဆိုင်တချို့ပိတ်ထားရ

spot_imgspot_imgspot_imgspot_img



CJ (ကန္တာရဝတီတိုင်း)

လွိုင်ကော်မြို့အတွင်း အခြေခံ စားသောက်ကုန်အပါအဝင် စျေးနှုန်းမြှင့်တက်လာတဲ့အတွက် စတိုးဆိုင်တချို့ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့စတိုးဆိုင်က ကုန်ပစ္စည်းတွေကို လက်ကား မပေးနိုင်တော့ဘဲ အကန့်အသတ်နဲ့သာ ရောင်းပေးနေရပြီး ပစ္စည်းတွေ ဝယ်ရခက်လာတဲ့အပြင် စျေးနှုန်းမတည်ငြိမ်မှုကြောင့် ပိတ်ထားကြတယ်လို့လည်း ဆိုပါတယ်။

‘’ဒီနေ့ ရောင်းရငွေက မနက်ဖြန်အရှုံးဆိုတာလို ဖြစ်နေပြီ ။ စျေးတွေက ကြောက်စရာကောင်းလောက်အောင်တက်နေတာ အရာရာ နှစ်ဆကျော်လောက် ခုန်တတ်နေတော့ မရောင်းရဲသေးဘူး။ စျေးငြိမ်အောင်စောင့်ကြည့်နေရတယ်။” လို့ စတိုးဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

စတိုးဆိုင်တချို့ ပိတ်နေရတဲ့အပြင် စျေးနှုန်းမြှင့်တက်လာမှုနဲ့ လက်ကားဝယ်ယူဖို့ ခက်ခဲလာတာကြောင့် တစ်နိုင်တစ်ပိုင် စားဝတ်နေရေးအတွက် ရောင်းချနေရတဲ့ အိမ်ဆိုင်ငယ်လေးတွေလည်း အခက်အခဲရှိလာတယ်လို့ ဆိုပါတယ်။

“ကလေးတွေလည်း မုန့်တွေလာမဝယ်စားနိုင်ကြတော့ဘူး။ စျေးတွေက တက်တော့ ဘယ်တော့စျေးက ငြိမ်မယ်မသိတော့ ဆိုင်လည်း ကြာရင်ပိတ်ရတော့မယ်။’’ လို့ အိမ်ဆိုင်ရောင်းသူတစ်ဦးကလည်း ပြောပါတယ်။

ဆန်ရိုးရိုးတစ်အိတ်ကို ယခင်က သုံးသောင်းကျော်က  ယခုအခါမှာတော့ ဆန်တစ်အိတ်ကို ၇သောင်းကျော်ကစပြီး တစ်သိန်းကျော်အထိ  ဈေးနှုန်းပြောင်းလဲမှုတွေရှိတယ်လို့ ဆိုပါတယ်။ စားသုံးဆီက တစ်ပိဿာ ၉ထောင်ကျော်ကနေ ၁၄၀၀၀ ကျပ်၊ ဆားတစ်ထုပ် ၂၅၀ – ၄၀၀ကျပ်အကြား ဝယ်ယူနေရတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့အပါအဝင် ကရင်နီပြည်တွင်းရှိ မြို့အများစုမှာ ဒေသတွင်းတိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးသလို ကုန်စျေးနှုန်းမြှင့်တက်မှုကြောင့် ဒေသခံတွေ အထူးသဖြင့် စစ်ဘေးရှောင်အတွက် အခြေခံစားသောက်ကုန်ဝယ်စားနိုင်ဖို့တောင် ငွေကြေးအခက်အခဲရှိတယ်လို့ ပြောပါတယ်။ 

spot_imgspot_imgspot_imgspot_img

More from the blog

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေသလဲ၊

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နေ့စဉ်သတင်းအကြောင်းအရာတွေကို ဆယ်စုနှစ် ၂ ခုနီးပါး အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေပါသလဲ။ အာဏာသိမ်းပြီးနောက် သတင်းဌာနရဲ့ သတင်းထောက်တွေက အန္တာရယ်တွေ ကြား ဘယ်လို သတင်းရယူနေပါသလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားတင်ဆက် ပေးနေပါသလဲ။ ပြည်သူလူထု တွေ သတင်းမှန်ရရှိအောင် ဘယ်လိုကြိုးစား...

ပင်လောင်းမြို့နယ် နန်းနိမ် ကျေးရွာမှာ အိမ်ခြေ ၄၀ ဝန်းကျင် မီးရှို့ခံရကြောင်း ဒေသခံတွေဆို

ကန္တာရဝတီတိုင်း(မ်) ဒီကနေ့ (မတ်လ ၁၁ရက်) မနက် ၁၁နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ်ကျေးရွာမှာ နေအိမ်တွေ မီးရှို့ခံနေရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ဝန်းကျင် မီးရှို့ခံရနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပင်လောင်းဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် မတ်လ...

TV Dating Professional Damona Hoffman Doubles Down on Dating Content

The Scoop: during the last 13 years, Damona Hoffman is starting to become an expert when you look at the online milfs dating scene by...

Chatib Évaluation 2021

Chatib tout simplement pas très populaire parmi les personnes, il est dans le grand public site Web et ne sera pas besoin...