spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အကြီးစားဝက်မွေးမြူရေးစီမံကိန်း တာဝန်ရှိသူတွေက ဒေသခံလူထုတွေကို လုပ်ငန်းပြန်လည်ချပြ

Author

Date

Category

နယ်သာလန် နိုင်ငံအခြေစိုက် De Heus Myanmar Co.,Ltd မှ တာဝန်ရှိသူများက ဒေသခံပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး စီမံကိန်းလုပ်ငန်းများ ချပြဆွေးနွေးနေစဉ်

နော်ဒွေးအယ်ခူ

ဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းတွေက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ ပြုလုပ်တဲ့ အကြီးစား ဝက်မွေးမြူရေးစီမံကိန်းနဲ့ပတ်သက်လို့ ကြိုတင်အသိပေးတိုင်ပင်မှုနဲ့ လူထုသဘောထားရယူထားတာမရှိဘူးလို့ ပြောဆိုခဲ့တာကြောင့် ကုမ္ပဏီဖက်က တာဝန်ရှိသူတွေက ၎င်းတို့ရဲ့လုပ်ငန်းကို ပြန်လည်ချပြ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြန် ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

စီမံကိန်းတာဝန်ခံ ကိုသိန်းနိုင်ဝင်း “ကျတော်တို့က ဒီမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလာလုပ်တဲ့အတွက်ကြောင့် သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ သူတို့ရဲ့စီးပွားရေးတို့ကို ထိခိုက်မယ့်ကိစ္စမျိုးတွေ ကျတော်တို့ အလေးထားပြီးဆောင်ရွက်ရမှာဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လဲ ကျတော်တို့ သူတို့နဲ့ထပ်ပြီး တွေ့ဆုံသွားမှာပါ။ သူတို့ လုံးဝ ၁၀၀ရာခိုင်နှုန်း လက်ခံနိုင်တဲ့အတိုင်းအတာထိကို ကျတော်တို့ကလည်း နည်းမှန်လမ်းမှန်နဲ့ တကယ်ဆောင်ရွက်ထားတဲ့ဟာတွေကို ချပြဆွေးနွေးသွားမှာပါ”လို့ ပြောပါတယ်။

နယ်သာလန် နိုင်ငံအခြေစိုက် ပြင်သစ်ဝက်မျိုးပွားခြံ De Heus Myanmar Co.,Ltd မှ ဒေသခံပြည်သူ၊ အရပ်ဖက်အဖွဲ့အစည်း နဲ့ ဌာနဆိုင်ရာကို ဇန်နဝါရီလ ၂၄ရက်နေ့က ငွေတောင်ကျေးရာအုပ်စု၊ ဒေါကလိုးခူခန်းမဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်စုဥက္ကဌ၊ ပါတီကိုယ်စားလှယ်၊ ရာအိမ်မှူး၊ ရပ်မိရပ်ဖ စတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကုမ္ပဏီမှ တာဝန်ရှိသူတွေက ဆွေးနွေးပွဲမှာထည့်သွင်းပြောပြပါတယ်။

သက်ဆိုရာတွေဒေသခံလူထုတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်း ဒေသခံတွေကို အသေးစိတ်ချပြသွားတာမရှိပဲ လက်မှတ်ရေးထိုးခိုင်းတာမျိုးရှိခဲ့ဖူးတယ်လို့ စီးမံကိန်းရွာအနီးရှိ ဒေါပေါ်ကလဲကျေးရွာမှ ဦးဂျီဝင်းက အခုလိုပြောပါတယ်။

၎င်းက “ရွာမှာတစ်ခေါက်လာတယ် ဒါက သူကမိတ်ဆက်ဖို့လောက်ပဲလာတာပါ ငါတို့ရောက်ရှိကြောင်း လက်မှတ်ထိုးခိုင်းတယ် ဒါပဲရှိတာပါ ငါတို့ကုမ္ပဏီကို ထောက်ခံတယ် ကန့်ကွက်တယ်ဆိုတဲ့အကြောင်းမျိူးတော့ မဟုတ်ဘူးပေါ့”လို့ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ၊ လူမှုရေးဆိုင်ရာပဋိပက္ခအတွက်ကို ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်နစ်နာမှုဆိုင်ရာ စစ်တမ်း (EIA/SIA) ပြုလုပ်တာတွေ မရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထောက်ပြမှုကို ကုမ္ပဏီဖက်က ငြင်းဆိုထားပါတယ်။

လက်ရှိဝက်မွေးမြူရေးခြံမှာ ဝက်အကောင်ရေ ၂၀၀ကျော် မွေးမြူထားပြီး ဝက်ခြံတည်ဆောက်တဲ့ စာရိတ်မှာ ဒေါ်လာ ၃ Million ကုန်ကျထားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်တွေက ပြင်သစ်ဝက်တွေဖြစ်တဲ့အတွက် ပြင်သစ်ရာသီဥတုလို မွေးမြူထားရတာဖြစ်ပေမယ့်လို့ လက်ရှိခြံကနေ မွေးတဲ့ဝက်တွေကတော့ ဒေသရာသီဥနဲ့ကိုက်ညီအောင်မွေးလို့ရတယ်လို့ ဆိုပါတယ်။

အဲဒီဝက်တွေကို ပြင်သစ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ပို့ဆောင်တာဖြစ်ပြီး နေပြည်တော်မှတဆင့် ကားနဲ့ ကယားပြည်နယ်ထဲကို သယ်ဆောင်လာတာဖြစ်ပါတယ်။ အဲလို ကူးပြောင်းတဲ့အချိန်တွေမှာ ဝက်ကနေ အနံ့အသက်ထွက်ခဲ့တာရှိပြီး လက်ရှိမှာတော့ အလုံပိတ် (air-con)စနစ်နဲ့ ရောဂါပိုးမွှားတွေကို အလွယ်တကူမကျရောက်ဖို့ စနစ်တကျမွေးမြူထားတယ်လို့ သိရပါတယ်။

လူထုကျန်းမာရေးနဲ့ဆက်စပ်တဲ့ပူပန်မှုတွေ၊ ဒေသခံတိုရဲ့ ရေအရင်းအမြစ်သုံးစွဲခွင့် ရပိုင်ခွင့်တွေ၊ မြေယာ၊အစားအစာနှင့် အိုးအိမ်ရပိုင်ခွင့်တွေ၊ ရိုးရာဓလေ့ထုံးတမ်း ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှုထိခိုက်လာမှုတွေ နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ အရပ်ဖက်အဖွဲ့အစည်းတွေက သဘောထားထုတ်ပြန်ထားတာရှိပါတယ်။

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလိုးခူကျေးရွာ နဲ့ တစ်မိုင်ကျော်အကွာမှာ အကြီးစား ဝက်မွေးမြူရေးစီမံကိန်းကို ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts