spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလုပ်ခေါ်ယူခြင်း

Author

Date

Category

Kantarawaddy Times သတင်းဌာနတွင် အောက်ပါ (Admin/ Accountant နှင့် Reporter) ရာထူးများအတွက် ဝန်ထမ်းအလိုရှိသည်။

Admin/Accountant ခေါ်ယူခြင်း

အရည်အချင်း သတ်မှတ်ချက်များ
  • ငွေစာရင်းနှင့် ပါတ်သက်သော လုပ်ငန်းများကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး တာဝန်ခံ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • လူအများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး လူမှုဆက်ဆံရေး ကောင်းမွန်ရမည်။
  • ဖိအားများအောက်တွင် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
  • Microsoft Excel နှင့် Word ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
  • အင်္ဂလိပ်ဘာသာကို အခြေခံ ရေး၊ ဖတ်၊ ပြော တတ်ရမည်။

အမျိုးသမီးနှင့် လုပ်ငန်းအတွေ့အကြုံ ရှိသူကို ဦးစားပေးမည်။

===============================================

သတင်းထောက် (Reporter) ခေါ်ယူခြင်း

အရည်အချင်း သတ်မှတ်ချက်များ
  • သတင်းဆောင်းပါးများကို သတ်မှတ်ထားပေးသော အချိန်အတိုင်း အချိန်မှီ ထုတ်လုပ်ရေးသားနိုင်ရမည်။
  • Communication အားကောင်းပြီး တာဝန်ရှိ အယ်ဒီတာများ၏ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
  • သတင်းဌာနမှ သတ်မှတ်ထားသည့် (ဓါတ်ပုံ၊ ဗွီဒီယိုအပါအဝင်) သတင်းစံအတိုင်းရေးသား၊ ရိုက်ကူး ထုတ်လုပ်သွားနိုင်ရမည်။
  • သတင်းလိုက်ရာတွင် သတင်းဌာန၏ သတ်မှတ်ထားသည့်ကျင့်ဝတ်များအတိုင်း လိုက်နာဆောင်ရွက်သွားရမည်။
  • မိမိလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများအား သက်ဆိုင်ရာအယ်ဒီတာများထံ နေ့စဉ် ပုံမှန် အဆက်အသွယ်လုပ်ပြီး အစံရင်ခံ ရမည်။
  • ကျန်းမာရေး ကောင်းမွန်ပြီးခရီးထွက်နိုင်ရမည်။
  • လူအများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး လူမှုဆက်ဆံရေး ကောင်းမွန်ရမည်။
  • ဖိအားများအောက်တွင် အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။

လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင် CV နှင့် Cover Letter အပြည့်အစုံကို kantarawaddy@gmail.com သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံး mail ပို့လျှောက်ထားနိုင်ပါသည်။

spot_img
spot_img

Recent posts