spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

မိုင်းလုံး အ.မ.ကကျောင်းဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်သူတစ်ဦး မိုင်းထိသေဆုံး

ကန္တာရဝတီတိုင်း(မ်)

သေဆုံးသူကို မြေချ သဂြိုလ်နေပုံ (ဓာတ်ပုံ – ရွှေညောင်ပင်လူမှုကူညီရေးအသင်း)

ဩဂုတ်လ (၁၆ ) ရက်နေ့မှာ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ အ.မ.က ကျောင်းဝန်း အတွင်း သန့်ရှင်းရေးပြုလုပ်နေသူတစ်ဦး မိုင်းထိမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုင်းထိသေဆုံးသူမှာ မိုင်းလုံးရပ်ကွက်မှာနေထိုင်တဲ့ ဦးမားရ်ကို (ခေါ်) ကယားမောင်ဖြစ်ပြီး ကျောင်းဝန်းမှာ လုပ်အားပေး သွားလုပ်ရင်း မိုင်းထိသွားတယ်လို့ ရွှေညောင်ပင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုင်းထိတယ်ဆိုပေမယ့် ဘယ်လိုမျိုးမိုင်းအမျိုးအစားလဲ ဆိုတာတော့ မသိဘူးပေါ့။ ခြုံတွေလည်း ထူနေတော့ မြက်ရိတ်စက်နဲ့ ရိက်တော့ မိုင်းထိတာပေါ့။ မြက်ရိတ်စက်နဲ့ ရိတ်တဲ့အချိန်မှာ သူ့ရဲ့ မြက်ရိတ်စက် ဓားသွားနဲ့ထိတော့ အဲဒါပေါက်ကွဲတာ။ မိုင်းက လည်ပင်းကိုတည့်တည့်ထိသွားတာ။ လည်ပင်းတည့်တည့်ကို တစ်ချက်ထိတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ခြေထောက်တွေ မှန်တာပေါ့” လို့ သူက ပြောပါတယ်။

အဆိုပါ မိုင်းထိမှုမှာ ဦးမားရ်ကို အပြင် တစ်ခြားတစ်ယောက်ကိုလည်း ခြေထောက်ထိမှန်ပြီး မစိုးရိမ်ရ အခြေအနေနဲ့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးကာလအတွင်း လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်ရှိ ကျေးရွာများမှ လူနေအိမ် ခြံဝင်းတွေထဲ၊ နေအိမ် အဝင်ပေါက်၊ အိမ်သာအနီးလို နေရာတွေနဲ့ ကျေးရွာကနေ တောင်ယာသွားတဲ့လမ်းတွေမှာ ထောင်ထားတာ တွေ့ရတယ်လို့ (AI) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img