spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တောင်ယာမြေတွေ တပ်သိမ်းမှာကို ကြောက်တယ်

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ဖရူဆိုမြို့ကနေ လမ်းမကြီးအတိုင်းဆက်သွားရင် လောဂျာကျေးရွာကို ရောက်မှာဖြစ်ပါတယ်။ ရွာရဲ့အပေါ်ပိုင်းမှာနေထိုင်တဲ့ ကိုလူရယ်ဆီတို့ မိသားစုထံ အလည်သွားဖြစ်ခဲ့ပါတယ်။

ကိုလူရယ်မှာ မောင်နှမ ၉ ဦးယောက် ၊ ယောက်ျားလေးက ငါးဦး မိန်းကလေးက လေးဦးဖြစ်ပါတယ်။ ငါးဦးကတော့ အိမ်ထောင်ကျကုန်ပြီး သူတို့မိသားစုတွေနဲ့အတူတူ သီးသန့်ခွဲနေထိုင်ကြပါတယ်။

ကျန်တဲ့လေးယောက်ထဲက နှစ်ယောက်ဆိုရင်ထိုင်းမှာ အလုပ်လုပ်နေကြပေမဲ့ အဆင်မပြေတော့ အိမ်ကိုလည်း ငွေမပို့နိုင်ဘူးဖြစ်နေပါတယ်။

 ခုဆိုရင် အိမ်မှာ ကနှစ်ယောက်ကျန်ပါတယ်။ ၊မိဘနားမှာနေပေမဲ့ အငယ်တစ်ယောက်က ကျောင်းတက်နေပါတယ်၊ ကိုလူရယ်တယောက်တည်း မိဘကိုကူပါတယ်။ အကြီးပိုင်းတွေက အိမ်ထောင်ကိုယ်စီဆိုတော မိဘကိုပြန်မကြည့်နိုင်တောပါဘူး။

ကျောင်းတက်နေတဲ့ အငယ်ဆုံးတစ်ယောက်ကိုလည်း ထောက်ပံ့ပေးနေရပါသေးတယ်။  မိဘတွေက အသက်တွေကြီးနေပြီး စီးပွားမရှာနိုင်တော့ အဓိက တောင်ယာနဲ့ မြေပဲ စိုက်ပြီး အသက်မွေးဝမ်းကြောင်းကြပါတယ်။

 မိသားစုဝမ်းရေးအတွက် တစ်သက်လုံး ကိုလူရယ်ဟာ ဘိုးဘွာစဉ်ကတည်းက ချန်ထားတဲ့ တောင်ယာအမွေအနစ်နဲ့ပဲ လုပ်ကိုင်ခဲ့ပါတယ်။

သူ့ရဲ့ မိသတွေကလည်း သားသမီးတွေ တယောက်ပြီးတယောက် ပညာရေးစရိတ်၊ ကျန်းမာရေး၊ ဝမ်းရေးအစရှိတာတွေကို တနေ့တနေ့ ဝင်ငွေကတော့ တောင်ယာခင်းထဲက ထွက်တဲ့ အသီးအနှံကိုပဲ အားကိုးခဲ့ရပါတယ်။

ဦးလူရယ်တို့လိုပဲ လောဂျာကျေးရွာက ဒေသခံအားလုံးဟာ  မိသားစုစားဝတ်နေရေးကိစ္စအဝဝကို တောင်ယာစိုက်ခင်းကနေပဲ ဖြေရှင်းနေရပါတယ်။

 ဒေသခံတွေ အားကိုးအားထားနေရတဲ့ တောင်ယာဟာဆိုလျှင်အခုဆို အမှတ် ၁၄ စစ်တပ်ကျောင်းတပ်ဧရိယာ အဖြစ်သတ်မှတ်ဖို့ စစ်တပ်က အမှတ်အသားတွေ လုပ်နေတဲ့အထဲမှာပါသွားလို့ အခုဆိုရင် ဒေသခံတွေက စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြရပါတယ်။

ကိုလူရယ်က  “ ဒီလိုတိုင်တွေ လာစိုက်တာ သူတို့ဟာသူတို့ စိုက်တာလား အထက်ကလုပ်ခိုင်းလို့လာ ကျွန်တော်တို့လည်း တောင်ယာသာသွားနေရတာ ဒီမြေကတစ်ချိန်ကျရင် တပ်မြေဘဲတကယ်ဖြစ်သွားမလား ဆိုပြီး စိတ်ထဲမှာအမြဲ တွေးပူနေရတာပေါ့” လို့ပြောပါတယ်။

အမှတ်(၁၄) တပ် မှတ်တိုင်စိုက်ထူတဲ့ ဧရိယာထဲ့မှာ ကိုလူရယ်တို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့တောင်ယာမြေ ၂ ဧကလောက်ပါသွားတယ်လို့ဆိုပါတယ်။

လောဂျာကျေးရွာက တောင်ယာလုပ်ကိုင်စားနေတဲ့ ဦးထျရုက “ ကြာလာလို့ရှိရင် သူတို့တပ်ဧရိယာ အကျယ်ချဲ့ လာမှာ ပြီးရင် သူတို့အဲ့ထဲ ပေးမဝင်တောမှာ တောင်ယာတွေပေးမသွားတော့မှာ စိုးရိမ်တယ်လေ။ ဘာလို့လဲဆိုရင် ဒီလမ်းမဘက်က လုပ်စားဖို့ဆိုရင် နေရာမရှိတောဘူး၊ သူတို့လာနေတာလည်း ရွာကတောင်ယာရှိတဲ့ဖက်ဘဲ လာနေတော့ ခုလိုဆင်မပြေတောဘူးပေါ၊ အရင်ကဆိုရင် သူတို့တပ်ဧရိယာက ဒီလောက်မဟုတ်ဘူး ခုကမှတ်တိုင်တွေ ထပ်ပြီးစိုက်လိုက်တော ဟိုးကျွန်တော်တို့ ခြံအလယ်မှာရောက်သွားတယ်၊ ကြာလာရင် ဘောင်တွေ သံစူးကြိုးတွေနဲ့ သွားကာရင်တော့ လုပ်စားလို့ရမှာ မဟုတ်တောဘူး၊ အဆိုုးဆိုးက ရိတ်သိမ်းချိန် ရိတ်သိမ်းတောမယ် ဆိုရင် သူတို့က စစ်ရေးလေ့ကျင့်တယ်၊ လက်နက်ကြီးပစ်တယ် အဲချိန်ဆိုရင် ပေးမလာတောဘူး၊ ကျွန်တော်တို့ဖက်ကလည်း ရိတ်သိမ်းဖို့လိုတယ်လေ အဲတစ်ခုက အဆင်မပြေဘူး။” လို့ သူရဲ့ စိုးရိမ်စိတ်တွေ ပြောပါတယ်။

အမှတ် ၁၄ တပ်က စွန့်လွတ်ထားတဲ့မြေဧရိယာအပေါ် တပ်ဧရိယာအမှတ်အသားတွေ မှတ်တိုင်တွေ ပြန်စိုက်ထားတာဖြစ်ပါတယ်။

အခုလို စစ်တပ်က အမှတ်အသားလုပ်သွားတဲ့အပေါ်မှာ တောင်ယာမှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေအတွက် ခြိမ်းခြောက်စရာ တခုဖြစ်လာတယ်လို့ တောင်ယာနဲ့ အသက်မွေးဝမ်းကြောင်းနေကြရတဲ့ အမျိုးသမီးတွေက ပြောဆိုသွားကြပါတယ်။

ဒေါ်ဦးမိုးက “ အရင်ကဆိုရင် အကျယ်ချည်းလုပ်လို့ရတာပေါ့ ခုကမရတော့ဘူး၊ အရင်ကနဲ့မတူတော့ဘူး၊ သစ်တွေ၊ဝါးတွေလည်း ယူလို့အဆင်မပြေတော့ဘူး၊ မိန်းကလေးတွေ သွားလာတာလည်း ဘဝလုံခြူံမှု မရှိတောဘူးလေ ခုလိုတကယ်သိမ်းတော့မယ် ဆိုရင် နောက်ခြံတွေက မရှိတောဘူး၊ နောင်လာမယ့် သား/သမီးတွေအတွက် စိတ်ပူတာပေါ့ ဒီဟာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းဘဲ ဖြစ်ဖြစ် လာပြီးတော့ ကူညီဖြေရှင်းပေး နိုင်ရင်တော့ ကောင်းတာပေါ”လို့ ပြောပါတယ်။” လို့ပြောပါတယ်။

ဒေါ်လခီးမိုးက “ သူတို့လက်နက်ပစ်ပြီ ဆိုရင် အခိုးတွေတအားထွက်တယ် အဲလိုဆိုရင် ကျန်းမာရေးထိခိုက်မယ်ထင်တယ်၊ တကယ်ဆို ဒီလက်နက်ကြီးပစ်တဲ့ ဟာကို မပစ်ခိုင်းချင်ဘူး၊ သွားလာရတာ မလွတ်လပ်တောဘူး၊” လို့ပြောပါတယ်။

ဒေါ်ဦးမိုးက ” မိရိုးဖလာတောင်ယာ အတိုင်းဘဲပြန်လိုချင်ပါတယ်။ အဖွားတို့က ဒိတောင်ယာအလုပ်ဘဲ လုပ်တော ဒီဟာဘဲ ပြန်လိုချင်တယ် ၊ စိတ်လည်းမကောင်းတောဘူးလေ ဘယ်မှာ သွားယူလို့ ဘယ်မှာသွားစားရတောမလဲပေါ၊ သူတို့လူလည်းများတယ် အရမ်းခက်ခဲသွားတယ် နွားတွေ အစာလွတ်ဖို့ နေရာမရှိတောဘူး။” လို့ ပြောပါတယ်။

၂၀၁၄ခုနှစ်က အမှတ် ၁၄ တပ်က ၁၉၉.၈၆ဧကကို စွန့်လွှတ်လိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဲဒီမြေပေါ် စစ်တပ်စာသင်ကျောင်းတစ်ဆောင်ဝင်ရောက်ဆောက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင်
၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စွန့်လွှတ်မြေအတွင်း တပ်ဧရီယာမှတ်တိုင်ဝင်ရောက်စိုက်ထူပြန်ပါတယ်။

ဒီအမှတ် (၁၄) တပ်မြေနဲပတ်သက်ပြီးလောဂျာကျေးရွာနေဦးတီရယ် က “ အရင်ကဆိုရင် သူတို့တိုင်းထားတာ ဧက(၃၀၀၀) လောက်ဘဲ ရှိတယ်၊ ခုသူတို့မှတ်တိုင် ပြန်စိုက်တော့ တောင်သူလယ်သမား သမဂ္ဂအဖွဲ့က သွားတိုင်းကြည့်တော (၅၀၀၀) နီးပါးလောက်ရှိသွားတယ်လို့ သိရတာပေါ့။ တပ်မြေနဲ့ ထားမယ်ဆိုရင် ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူး၊ ဘာလို့လဲဆို အခြားလုပ်စားဖို့နေရာမှ မရှိတောတာ၊ ဘိုးဘွားလက်ထဲက လုပ်လာတဲ့မြေကို ခုမှတပ်မြေနဲ သိမ်းချင်တယ်ဆိုရင် လက်မခံဘူးပေါ”လို့ ပြောပါတယ်။

၂၀၁ဝ ခုနှစ်ကတည်းက စစ်တပ်ကနေပြီး အမှတ် ၁၄ စစ်ရေးလေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ ဒေသခံဖရူဆိုမြို့နယ်ထဲက ဘိုးဘွားပိုင်မြေယာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲဒီထဲကမှ ၁၉၉.၈၆ ဧကကိုစွန့်လိုက်တာဖြစ်ပါတယ်။ ၂၀၁၀-၁၁ခုနှစ် အစိုးရအပြောင်းအလဲကာလမှာ ဖိအားပေးမှုတချို့ တောင်သူတွေက ကြောက်ပြီး ၁ ဧကကို လျော်ကြေး ၅ သောင်းနဲ့ ယူထားခဲ့တာက ၆၈ဝ ဧကရှိတယ်လို့ သိရပါတယ်။

ကိုလူရယ်နဲ့ ဒေသခံတောင်သူတွေ သူတို့ရဲ့ လယ်ယာမြေတွေကို စစ်တပ်ကနေ ထပ်ပြီး သိမ်းဆည်းမှာကိုကြောက်လန့်နေကြပါတယ်။

 “ဒီတောင်ယာကို ဘိုးဘွားတို့ခေတ်ကတည်းက လုပ်စားလာကြတယ်၊ ဒီလိုတပ်မြေ အဖြစ်ထားတော့မယ်ဆိုရင် အခြားလုပ်စရာမြေနေရာ လည်းမရှိတောပါဘူး။” လို့ ကိုလူရယ်က ပြောပါတယ်။

spot_img
spot_img

Recent posts