spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ရှား​တောမြို့နယ်​အတွင်​း မိုးအဆက်​မပြတ်​ရွာသွန်​းမူ​ကြောင်​့ သီးနှံပင်​များပျက်​စီး

Author

Date

Category

ခူးဘဲရယ်(အလွတ်တန်း﴿

ကယားပြည်​နယ်​၊ လွိုင်ကော် ခရိုင်၊ ရှား​တောမြို့နယ်​တွင်​ ဇွန်​၊ ဇူလိုင်​၊ ဩဂုတ်​ လများအတွင်​းမိုးများ အဆက်​မပြတ်​ရွာသွန်​းမူ​ကြောင်​့ နှမ်​းပင်​များပျက်​စီး​သွားကြောင်​း ​သိရသည်​။

ရှားတောမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျှက်ရှိပြီး နှမ်းကိုအများဆုံး စိုက်ပျိုးကြသည်။ မိုးရာသီ မိုးများလွန်းသည့်အတွက် နှမ်းပင်များ ပျက်စီးကုန်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ်​ နှမ်​း ပင်​​တွေ ​ကောင်​းကြတယ်​ အပင်​လဲ သန်​မှသန်​ပဲ ဒါ​ပေမဲ့ ​တွေ့တဲ့အတိုင်​းပဲ မိုး​တွေက အဆက်​မပြတ်​ ရွာ​နေ​တော့ အပွင်​့​တွေ ပုပ်ကုန်​တယ်​ ပီး​တော့ အဖျင်​း​တွေကလဲများ​သေးတယ်​”ဟု ရှား​တောမြို့ ​တောင်​ပိုင်​းစုစည်​း​ကျေးရွာ​နေ ဦး​တော်​ရယ်​မှ ​ပြောသည်​။

ရှား​တောမြို့နယ်​တွင်​ မြစိမ်း​ရောင်​စီမံကိန်​းမှ ​ချေး​ငွေများအားအဓိက အားထား၍​ချေးယူကာ စိုက်​ပျိုး​ရေးလုပ်​ငန်​းများလုပ်​ကိုင်​ကြသည်ဖြစ်၍ ယခုတွင် မိုးများသောကြောင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း တောင်သူများ စိုးရိမ်နေသည်။

“ကျွန်တော်​မြစိမ်​း​ရောင်​မှာ​ချေးယူထားတာ ၁ဝသိန်းရှိတယ်​။ ဒီနှစ်​နှမ်​းကလဲ ထင်​သ​လောက်​ အထွက်​မ​ကောင်​း​တော့ ​ချေး​ငွေ​တောင်​​ကျေ​အောင် ​ပြန်​ဆပ်​နိုင်​ပါ့မလားမသိဘူး”ဟု ရှား​တောမြို့ ​ဈေးပိုင်​းရပ်​ကွက်​နေ နှမ်​းစိုက် တောင်သူ ဦးကူးရယ်​ကပြောပါသည်​။

ရှား​တောမြို့နယ်​ တွင်​ယခင်နှစ်​က နှမ်​းအထွက်​​ကောင်​း​သော်​လည်​း နှမ်​း​ဈေးနူန်​းကျဆင်​းခြင်​းနှင်​့ ကြုံတွေ့ခဲ့ရပီး ယခုနှစ်​တွင်​ မိုးများအဆက်​မပြတ်​ ရွာသွန်​းမူ​ကြောင်​့လည်း နှမ်​းပင်​များပျက်​စီးခြင်​းနှင်​့ထပ်မ​ံရင်​ဆိုင်​​နေရ​ကြောင်​း​ဒေသခံ ​တောင်​သူများထံမှသိရပါသည်​။

၂ဝ၁၄-၁၅ခုနှစ်တွင်လည်း ရှားတောမြို့နယ်တစ်ခုလုံးရှိ တောင်ယာခင်းများထဲတွင် ကြွက်များဝင်ရောက်ဖျက်စီး၊ ကိုက်ဖြတ်ခဲ့ပြီး စားဝတ်နေရေးအဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ထိုအချိန်တွင် မြစိမ်းရောင်စီမံကိန်း ချေးငွေများချေးယူထားသည့် တောင်သူများကို လွှတ်တော်ကိုယ်စားလှယ်မှ တင်ပြပြီးချေးငွေများ ဖြေလျှော့ပေးခဲ့ရဖူးသည်။

ဒေသခံများမှလည်း အစိုးရသို့ မျိုးစေ့အစားထိုးမတောင်းခံဘဲ ဆန်ကိုသာ အကူအညီတောင်းခံခဲ့ရသည်။

spot_img
spot_img

Recent posts