ဘောလခဲမြို့နယ် အနိုင်ရပါတီကိုယ်စားလှယ်က သီးနှံဈေးကွက်အာမခံချက်ရှိအောင် အဓိက ဆောင်ရွက်သွားမယ်

0
357

ဘောလခဲမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်စားသောက်ကြပြီး တောင်သူလယ်သမားတွေအနေနဲ့ တိကျမှန်ကန်တဲ့ဈေးနှုန်းမရှိတဲ့အတွက် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေကြရတဲ့အပေါ်မှာ အနိုင်ရသွားတဲ့ ကိုယ်စားလှယ်လောင်း ဦးကျော်သန်း က ပြောကြားသွားတာဖြစ်ပါတယ်။

တောင်သူလယ်သမားတွေရဲ့ ထွက်ကုန်တွေ ကုန်ကျစရိတ်ထက်သာတဲ့ဝင်ငွေရရှိဖို့နဲ့ ဈေးကွက်တည်ငြိမ်ဖို့အတွက်လည်း ပြည်ထောင်စုမှာ အဓိက ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။