ခွန်စိုးမိုးအောင်ရေးသားသည်။ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည်လည်း အရေးကြီးသောအခန်းကဏ္ဍ တစ်ခုမှပါဝင်လျက်ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့်အတူ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းအမျိုးမျိုးသည်လည်း ပုံစံမျိုးစုံဖြင့်ပါဝင်ရောယှက်နေကြပါသည်။ ထိုသို့သောအကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကြီးများတွင် စိုက်ပျိုးရေးကို အခြေခံပြီး လုပ်ဆောင်သော စီမံကိန်းများသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာအပါအဝင်ကမ္ဘာတစ်ဝှမ်းတွင် အရှိန်အဟုန်ကောင်းမွန်စွာဖြင့် လည်ပတ်နေလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲရန်အတွက် ဦးစားပေးလုပ်ဆောင်မှုများ ရှိလာပါသည်။ ယေဘုယျအားဖြင့် တိုင်းပြည်လူဦးရေ၏ ၇၅% သည်ကျေးလက်ဒေသတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကမှီခို၍ လုပ်ကိုင်စားသောက်နေကြပါသည်။ ထို့ကြောင့်တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အးစားကြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို လာရောက်ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် စိုက်ပျိုးရေးကဏ္ဍကို အခြေခံသော ရင်းနှီးမြုပ်နှံမှုများလည်း ပို၍တွင်တွင်ကျယ်ကျယ်ရှိလာသည်။ ထိုအထဲမှ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုများ တိုးတက်စေရန်အတွက် ပေါင်းစည်းလယ်ယာလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ရင်းနှီးမြုပ်နှံမှုများသည်လည်း ပိုမို၍တွင်ကျယ်လာပါသည်။ […]

ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော်၏အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က လူငယ်တွေ ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။   ငြိမ်းချမ်းရေးစကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့သူတွေ အချိန်အကန့်အသတ်နဲ့ ဆွေးနွေးခဲ့တဲ့စနစ်ကြောင့် ပြောခွင့်မရလိုက်တဲ့ စကားတချို့ကို စကားဝိုင်းအပြီးမှာ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။ ဖရားရယ်ရီးလို   အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအကြောင်းကို နံပါတ် ၁ ကျနော်ပြောချင်တယ်ပေါ့။ အဲ့ဒါ ကျနော်လည်း ထိရောက်တယ်လို့ ကျနော်ထင်တာပဲ ကျနော်ပြောခဲ့တဲ့ဟာကို။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ ပုဂ္ဂိုလ်ရေးအရဆိုရင် အားရကြေနပ်မှု မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်ပြောချင်တဲ့ တခြားအကြောင်းအရာတွေ ရှိသေးတယ်။ ကျနော်တို့ ထင်ထားတာက အပြန်အလှန်ဆွေးနွေးမယ်လို့ ထင်ထားတာပေါ့နော။ တစ်ကယ့်လက်တွေ့မှာ တစ်ရောက်တည်းလှည့်ပြီးတော့ ပြီးသွားတာဆိုတော့ […]

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း ခရီးစဉ်ကို ကယား(ကရင်နီ)ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – ကယားပြည်နယ် (National League for Democracy –NLD) ပါတီဝင်များနဲ့ အစိုးရအဖွဲ့က ယခု စကားဝိုင်းကျင်းပနိုင်ရေးအတွက် ဆွေးနွေးမယ့် ကိုယ်စားလှယ် လူအင်အားစုဆောင်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများကို ဒီဇင်ဘာလ ပထမအပတ်ကတည်းကပင် စတင်ပြီ ပြုလုပ်ခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ယခု ခရီးစဉ်ဟာ လျှိုဝှက်ပြီးစီစဉ်ခဲ့တဲ့ ခရီးစဉ်တစ်ခုလို ယူဆလို့ရတဲ့အချက်တွေရှိနေပါတယ်။ ဒီအခြေခံစဉ်းစားချက်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အတွက် အချိန်နီးကပ်မှ ထုတ်ပြန်တဲ့ အပေါ်မှာမူတည်ပြီး သုံးသပ်တဲ့ အခြေခံအချက်ပါ။  တဖက်မှာလဲ လျှိဝှက်တဲ့ ခရီးစဉ်တစ်ခုအတွက် သတင်းပေါက်ကြားမှုတွေလဲ ရှိကောင်းရှိနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူရဲ့ […]

မူအက်စတာ ကရင်နီပြည်၊ လိုပွါခိုခရိုင်(ကယားပြည်နယ်၊ ဖါးဆောင်းမြို့နယ်အတွင်း)ရှိ ဝေလံခေါင်ဖျားသည့် ဒေသတွင် ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်လျှက်ရှိသည့် NGOs/ INGOs အဖွဲ့အစည်းများအားလုံးကို ၎င်းနယ်မြေမှ ထွတ်ခွာသွားရန် KNPP က ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် အသိပေးအကြောင်းကြားစာတစ်စောင်ကို ထုတ်ပြန်လိုက်သည်။ NGOs အဖွဲ့အစည်းများမှ အဆိုပြုလုပ်ဆောင်ပေးနေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်ကိစ္စနှင့် ဒီဇင်ဘာ ၂ဝ ရက်နေ့ KNPP နှင့် တပ်မတော်တို့၏ ထိတွေ့မှုဖြစ်စဉ်ကြောင့် ဒေသလုံခြုံရေးအတွက်ဟုဆိုကာ အချက် ၂ ချက်ဖြင့် အဆိုပါ အသိပေးစာကို ထုတ်ပြန်ရခြင်းဖြစ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ဆက်ဆံရေးရုံး(လွိုင်ကော်)၏ ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ဒီဇင်ဘာ ၂ရ […]

ကန္တာရဝတီတိုင်း(မ်) ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဒကစ-ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၌ ခုံရုံးဖွဲ့ပြီး ကနဦး စတင်စစ်ဆေးကြားနာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ “အခုက ဒီလိုရှိတယ်၊ ဒီမနက်ဖြန် ကျွန်တော်တို့ကို ခေါ်ထားတယ်၊ ဒ.က.စ( ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)က သူတို့ ခုံရုံးဖွဲ့မယ်ပြောတာပဲ နောက်သူတို့ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးကြားနာမှုလုပ်မယ်ထင်တယ်။ အဲ့ဒါ ဟိုး နေပြည်တော်က အရာရှိကြီးတွေလည်းပါမယ် ကျွန်တော်တို့က သွားရောက်ထွက်ဆိုပေးဖို့လိုတယ် အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သွားရောက်ထွက်ဆိုရမယ်ပေါ့” ဟု ကေအဲန်ပီပီဆက်ဆံရေးရုံး(လွိုင်ကော်)တာဝန်ခံ ခူးညေးရယ်က ဒီဇင်ဘာလ ၂ရ ရက်နေ့ ညနေပိုင်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောဆိုသည်။ ၎င်းခုံရုံးတွင် […]

ထျိုးမြာ/ကန္တာရဝတီတိုင်း(မ်) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူများ တွေ့ဆုံစကားပြောသည့် ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk)ကို ယခုလ ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရထံမှ သိရသည်။ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌  ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် စကားဝိုင်းအစီအစဉ် စတင်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာလ ၂ရ ရက်နေ့က အတည်ပြုသည်။ စကားဝိုင်းသို့ ပရိတ်သတ် ၂ ထောင် လာရောက်နိုင်ရန် စီစဉ်ထားပြီး ပြည်ခန်းမထဲတွင် ထိုင်ခုံအလုံးရေ ၁ ထောင်နှင့် ခန်းမအပြင်ဘက်တွင် ထိုင်ခုံအလုံးရေ ၁ […]

ကန္တာရဝတီတိုင်း(မ်) ဒီဇင်ဘာ ၂ဝ ရက်နေ့က  တပ်မတော်မှ နယ်မြေရှင်းလင်းရာမှ သေဆုံးခဲ့သော KNPP အဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦးတို့၏   ဖြစ်စဉ်အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။ ပြည်နယ်အစိုးရမှ တာဝန်ရှိသူမျာထံသို့ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တင်ပြထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သာ ရှိနိုင်ကြောင်း ဝန်ကြီးက ဆိုသည်။ “ဒီဖြစ်စဉ်ကို တစ်ဘက်ကလည်း အစိုးရကို တိတိကျကျတင်ပြထားတာမရှိသလို KNPP အဖွဲ့အစည်းဘက်ကလည်း တရားဝင်တိတိကျကျတင်ပြထားတာမရှိခဲ့ပါဘူး။ သို့ပေသော်လည်းပဲ အစိုးရဆိုတာ တာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့် Information လေးတွေကို စုံစမ်းပြီးတော့မှ လက်ရှိတာဝန်အရှိဆုံးဖြစ်တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ရရှိတဲ့သတင်းတွေကို ပြည်ထောင်စုအစိုးရကို တင်ပေးပါတယ်။ NRPC […]

လင်းသန့်ရေးသားသည်။ မော်ချီးတောင်ကမ်းပါးယံတွင် သတိထားလျှောက်နေသော ဂျော်နီမင်း၏ ခြေလှမ်း တည်ငြိမ်မနေပါ။ ခြေလှမ်းမှားလိုက်သည်နှင့် တဖက်တွင် အချိန်မရွေး သူ့၏ အသက်ကို နုတ်ယူနိုင်သော ပေ ၁၀၀ဝ နီးပါးအမြင့်ရှိ ချောက်ကမ်းပါး ရှိသည်။ မလှမ်းမကမ်းတွင် သတ္တုတူးဖေါ်သည့် လုပ်ငန်းခွင် တစ်ခု။ ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသည်မှာ ဆယ်စုနှစ်ကြာပြီဖြစ်သော လက်နက်ကိုင်အဖွဲ့က လုပ်ကိုင်ခွင့်ရထားသော သတ္တုတွင်းကို အစီရင်ခံစာတစ်ခုအတွက် ခိုးဝှတ်ပြီး ဓါတ်ပုံမှတ်တမ်းရယူနိုင်ရန် နိုဝင်ဘာလ၏ နေအပူရှိန်အောက် သူကြိုးစားနေသည်။ ကင်မရာမဆိုနှင့် ဓါတ်ပုံရိုက်ကူးနိုင်သည့် ဖုန်းတောင်မှ ယူဆောင်ခွင့်မပေးသော သတ္တုတွင်း လုပ်ကွက်၏ ပုံရိပ်များ မှတ်တမ်းတင်ခြင်းမှာ သာမာန်လူအတွက် လွယ်ကူသည့်အလုပ်မဟုတ်။ သတ္တုများ ရွေးထုတ်ပြီးသား ဗဟန်း (ဒေသအခေါ်) တင်းနစ်ဘောလုံးအရွယ် ကျောက်တုံးကို ချောက်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် […]

မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံးပြီး အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တဲ့အပေါ် ဥပဒေလမ်းကြောင်းအတိုင်းသာ ဖြေရှင်းသွားမယ်လို့ KNPP အတွင်းရေးမှူး ( ၂) က ဆိုပါတယ်။ https://www.youtube.com/watch?v=TMisFD_yo5U&feature=youtu.be

ကန္တာရဝတီတိုင်း(မ်) အပြန်အလှန်ပစ်ခတ်ရင်း KNPP တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခြင်းဟု တပ်မတော်က ပြောကြားလိုက်သည်။ ယင်းသည် KNPP နှင့် တပ်မတော်တို့အကြား ပြောကြားချက် တစ်ဖက်နှင့် တစ်ဖက်ကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ “ကျတော်ပြောနိုင်တာကတော့ နှစ်ဦးနှစ်ဖက်ပစ်ကြခိုက်ကြဖြစ်တယ်လို့ သေချာပါတယ်ဗျာ။ အဲ့ဒါပဲ ကျနော်ပြောလို့ရပါတယ်ဗျ။”ဟု ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သူ ဗိုလ်မှူးမျိုးမင်းက ကန္တာရဝတီတိုင်း(မ်)သို့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြောကြားသည်။ သို့သော် ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားသော KNPP ၏ တရားဥပဒေမဲ့ လူမဆန်စွာ ညှင်းပမ်း သတ်ဖြတ်မှုအပေါ် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ကြေညာချက်တွင်မူ လွိုင်ကော် ရှားတောလမ်း ပါလောင်းကျေးရွာနှင့် ဒေါတချားကျေး ရွာကြား […]