spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့မှာ သွေးမတိတ်၊ ဆေးသပိတ်တစ်ခု ပြုလုပ်ခဲ့

Author

Date

Category

ကယားပြည်နယ် ဒီးမော့ဆိုမြို့ ဒေါငံခါး လမ်းခွမှာ သွေးမတိတ်၊ ဆေးသပိတ်တစ်ခု ကို ဒီကနေ့ ဧပြီလ ၁၄ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပိတ်မှာ လူအင်အား၂၀၀ ကျော် ပါဝင်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ပြီး သွေးမြေကျခဲ့ရတဲ့အတွက် ဒီသပိတ်ကို ပြုလုပ်တာဖြစ်တယ်လို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်အာဏာသိမ်းကောင်စီက ရက်ရက်စက်စက်အကြမ်းဖက်သတ်ဖြတ်ခဲ့တာရက်ပေါင်း ၇၀ကျော်လာပါပြီ ရက်ပေါင်း ၇၀မှာ ပြည်သူပေါင်း ၇၀၀လောက်က သွေးမြေကျခဲ့ရပါတယ်။ ကျနော်တို့တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သွေးမြေတွေကျခဲ့ရတယ်။ သွေးမတိတ်သေးဘူးဆိုတဲ့ ကျနော်တို့ရဲ့ အဓိကတိုက်ပွဲ ခေါ်သံဖြစ်ပါတယ်။ သွေးအေးသွားလို့မရဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွေးစွန်းနေတယ်။ သွေးမတိတ်သေးဘူး။ အဲ့ဒါကြောင့် ကျနော်တို့ သွေးမတိတ်သေးတဲ့ ဆေးသပိတ်ကို ပြုလုပ်ရတာဖြစ်ပါတယ်။ “

ဧပြီလဟာ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလဖြစ်ပေမယ့် မြန်မာပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်တွေကိုပဲ ပြုလုပ်နေကြပါတယ်။

သပိတ်ကို နေ့စဉ်ပုံစုံအမျိုးနဲ့ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ မြို့နယ်အတော်များများက သွေးမတိတ်၊ ဆေးသပိတ်ဆိုတဲ့ခေါင်းစဉ်နဲ့ သပိတ်ပြုလုပ်နေကြပါတယ်။

“ ကျနော်တို့ ဒီလိုသွေးသပိတ်လုပ်ခြင်းအားဖြစ် ကျနော်တို့ တစ်တိုင်းပြည်လုံးကို ပေးချင်တဲ့ သတင်းစကားကဘာလဲဆိုလို့ရှိရင် ကျနော်တို့ တစ်တိုင်းပြည်လုံးသွေးစွန်းတယ်။ ကျနော်တို့ တစ်တိုင်းပြည်လုံးသွေးစွန်းတဲ့အတွက် သွေးတစ်ပိတ်ကိုဆင်နွဲရခြင်းဖြစ်တယ်။ သွေးစွန်းသွားလို့ သွေးအေးသွားလို့မဖြစ်ဘူး။ စစ်အာဏာရှင်ကျဆုံးသည်အထိ ကျနော်တို့ ဆင်နွဲရမယ်ဆိုတဲ့သတင်းစကားကို ပါးတာဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့လူငယ်တွေက သွေးမတိတ်ဆေးသပိတ်ကို ဆင်နွဲရတာဖြစ်တယ်။ အဓိကကတော့ စစ်အာဏာရှင်စနစ်ကိုလည်း ကျနော်တို့မမေ့ဘူး။ စစ်အာဏာရှင်တွေရဲ့လုပ်ရပ်တွေကို ကျနော်တို့ မျက်ဝါးထင်ထင်မြင်ရတယ်။ ကျနော်တို့မမေ့ဘူး။ ကျနော်တို့သွေးအေးမသွားဘူး။ သူတို့လုပ်ရပ်တွေကို ကျနော်တို့အားလုံးမှတ်ထားတယ်။ ကျနော်တို့ အဆုံးထိတိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သတင်းစကားကို ပါးချင်တာဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုသိပိတ်ပြုလုပ်တာ ရက်ပေါင်း၇၀ကျော်ပြီဖြစ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ စစ်ကောင်စီက သပိတ်တွေကို ပစ်ခတ်ဖြိုခွင်းမှုတွေရှိနေပြီး သေဆုံးသူ နှစ်ဦးရှိသွားပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts