Saturday, June 19, 2021

CDMရဲဝန်ထမ်းတစ်ဦးရဲ့ အမျိုးသမီး ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျ

Must read

စစ်ရှောင်ပြည်သူများကိုကူညီပေးနေတဲ့ အထိုင်ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများရှိတဲ့နေရာနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အထိုင်ဆေးခန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ခန့်က ရောက်ရှိပြီး ဝင်ရောက်နေရာယူနေတာကြောင့် စစ်ဘေးရှောင်တွေ ကြောက်လန့်ပြီး ထပ်မံနေရာ ပြောင်းရွေ့လိုက်ရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးထံကနေ သိရပါတယ်။

ဇွန်လ တတိယအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/qzg96unznihe ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း

ယာယီအပစ်ခတ်ရပ်စဲပြီး ၂ ရက်မြောက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကရင်နီ​ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန်လ ၁၆ရက်နေ့ ည ၈နာရီ ၁၅မိနစ်အချိန်မှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံများ ကြားရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ အဆိုပါ...

ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် တွေ့ဆုံခြင်း

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော်...

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်က CDM ဝင်တဲ့ ရဲဝန်ထမ်းတဦးရဲ့ အမျိုးသမီး လုံခြုံတဲ့နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြရင်း ကိုယ်ဝန်ပျက်ကျသွားခဲ့ ရတယ်လို့ သိရပါတယ်။

အမျိုးသားဖြစ်သူက ရဲစခန်းမှာ တာဝန်ထမ်းဆောင်ပြီး CDMမှာပါဝင်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးဖြစ်သူမှာ ကိုယ်ဝန်ဆောင်ထားရပြီး ကိုယ်ဝန်လေးလနဲ့ ပျက်ကျသွားရပါတယ်။

အခုလို အခက်အခဲတွေ ကြုံတွေ့နေရပေမယ့်လည်း အမျိုးသားဖြစ်သူကို CDMအဆုံးထိပါဝင် ခိုင်းသွားမယ်လို့ ဆိုပါတယ်။

“အဆုံးထိလုပ်ခိုင်းမယ်လို့ စဉ်းစားထားတယ်။ တိုင်လည်းတိုင်ပင်ထားတယ်ပေါ့ အမျိုးသားနဲ့ အဆုံးထိလုပ်မယ်လို့ ပြောထားတယ်။”

CDMဝင်တဲ့ ဝန်ထမ်းတွေ ဆိုရင် ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် သားသမီးတွေ၊ မိသားစုတွေနဲ့ ဝေးကွာနေကြရတာတွေလည်းရှိနေပါတယ်။

CDMဝင်တဲ့ ရဲဝန်ထမ်းတွေ အနေနဲ့လည်း လစာမရတော့တဲ့အတွက် အခက်အခဲတွေရှိနေကြပါတယ်။

ဖရူဆိုမြို့မ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်ဦးကတော့ “CDMဆိုတော့ အခက်အခဲတော့ရှိတယ်ပေါ့။ ကျနောတို့ က အစကတည်းက ဝန်ထမ်းဆိုတော့လည်း အခုCDMလုပ်နေတဲ့အ တောအတွင်းမှာလည်း အလုပ်ကမရှိဘူးလေနော။ ထြက္လာတာ တစ်လနှစ်လ ရှိပြီဆိုတော့ ကျနောတို့ ဒီ ပြည်သူတွေ ထောက်ပံ့ပေးတဲ့ ဆန် ဆီ ဆားနဲ့ ပဲ စားနေရပါတယ်။ ဘယ်မှလည်း သွားလို့မရဘူးပေါ့နော။ အခက်အခဲတော့ အများကြီးရှိပါတယ်။ အကုန်လုံးလည်း ပြောလို့ မတတ်ဘူးပေါ့။”

ကယားပြည်နယ်မှာဆိုရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေစပြီး လူထုတွေရဲ့ စစ်အာဏာကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု civil disobedience movement CDM မှာ ရဲတပ်ဖွဲ့ဝင်တွေ စတင်ပါဝင်လာခဲ့ပါတယ်။ ဒုရဲအုပ်၊ ယာဉ်ထိန်းရဲ စတဲ့ ရဲဝန်ထမ်းတွေပါ ပါဝင်လာခဲ့တာပါ။

CDMလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲတွေကို ယာယီရဲများသာဖြစ်ပြီး သနေ္ ရဲများမဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကနေပြီးတော့ ထုတ်ပြန်မှုတွေလည်းရှိခဲ့ပါတယ်။ သို့ပေမယ့် ဒေသခံရဲများ ဖြစ်ကြောင်း ကယားသပိတ်ကော်မတီကနေပြီးတော့ အတည်ပြုပြောကြားခဲ့ပါတယ်။

CDMဝင်တဲ့ ရဲဝန်ထမ်းတွေကတော့ စစ်အာဏာရှင်လက်အောက်မှာ မနေလိုကြတဲ့အတွက်၊ စစ်အာရှင်စနစ်ကို မလိုလားတဲ့အတွက် CDMမှာ ပါဝင်ကြရခြင်း ဖြစ်တယ်လို့ ဆိုကြပါတယ်။

လွိုင်ကော်ခရိုင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွင် တာဝန်ထမ်းဆောင်နေတဲ့ CDMဝင် ရဲဘော်တစ်ဦး ကတော့ CDM ဝင်ရခြင်းရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။

“CDMလုပ်ရတဲ့ရည်ရွယ်ချက်က စစ်တပ်လက်အောက်မှာ မနေချင်ဘူး။ ကျနောတို့ရဲ့ မိဘ ဘိုးဘွားတွေကို နိပ်စက်လာတာ အခုချိန်ထိဖြစ်တဲ့အတွက်ကြောင့် ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်းစရောက်လာတာ လေး၊ ငါးနှစ်ပဲရှိသေးတယ် ဒါကို သူတို့က ပြန်ဖျက်ဆီးလိုက်တယ်။ အဲ့ဒီအတွက် သူတို့ လက်အောက်မှာ မနေချင်ဘူး။”

အခုလက်ရှိမှာ CDMဝင်တဲ့ ရဲဝန်ထမ်းတွေဟာ လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြရပါတယ်။ CDMဝင်တဲ့ ရဲဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်ခေါ်ဆောင်တာတွေလည်း ရှိပေမယ့် CDMကို အဆုံးထိ ပါဝင်သွားမှာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ တစ်နိုင်ငံလုံး လမ်းပေါ်ထွက်သပိတ်မှောက်ကြတာ ယနေ့အထိ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေဆိုရင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို လုပ်ဆောင်ကြပြီး စစ်ကောင်စီကို သပိတ်မှောက်နေကြပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေအပြင် ရဲဝန်ထမ်းတွေပါ CDM မှာ ပါဝင်လာခဲ့ကြပါတယ်။

ကယားပြည်နယ်မှာဆိုရင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်မှောက် ပြည်သူတွေကို စစ်တပ်နဲ့ ရဲ တွေကနေပြီးတော့မှ အင်အားသုံးဖြိုခွဲလာခဲ့ပါတယ်။ ကယားမှာ ရဲနဲ့ စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် သေဆုံးသူ နှစ်ဦးရှိသွားခဲ့ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

စစ်ရှောင်ပြည်သူများကိုကူညီပေးနေတဲ့ အထိုင်ဆေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများရှိတဲ့နေရာနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အထိုင်ဆေးခန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ခန့်က ရောက်ရှိပြီး ဝင်ရောက်နေရာယူနေတာကြောင့် စစ်ဘေးရှောင်တွေ ကြောက်လန့်ပြီး ထပ်မံနေရာ ပြောင်းရွေ့လိုက်ရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးထံကနေ သိရပါတယ်။

ဇွန်လ တတိယအပတ် ကယားဘာသာရေဒီယိုအစီအစဉ်

https://soundcloud.com/kantarawaddy-times/qzg96unznihe ကယားဘာသာရေဒီယိုအစီအစဉ် အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဉ်(ကယား) မြန်မာစံတော်ချိန် သောကြာနေ့ည (၇) နာရီတိုင်း

ယာယီအပစ်ခတ်ရပ်စဲပြီး ၂ ရက်မြောက်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွား

ကန္တာရဝတီတိုင်း(မ်) ကရင်နီ​ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဒီကနေ့ ဇွန်လ ၁၆ရက်နေ့ ည ၈နာရီ ၁၅မိနစ်အချိန်မှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံများ ကြားရတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ အဆိုပါ...

ကရင်နီတပ်မတော် (K-Army) အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် တွေ့ဆုံခြင်း

ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကနေစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီတပ်မတော်...

ဒီမော့ဆိုမြို့နယ်အတွင်းရှိ လမ်းမကြီးတစ်လျှောက် လူနေအိမ်နဲ့ဈေးဆိုင် ဖျက်ဆီးခံရပြီး ပျက်ဆီးမှုများပြား

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက်ရှိ လူနေအိမ်နဲ့ ဈေးဆိုင်အများအပြား ဖျက်ဆီးခံရပြီး ပျက်ဆီးမှုတွေ များပြားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီမော့ဆိုမြို့နယ်အတွင်းက ဒေသခံတွေ မိမိနေအိမ်ကို ပြန်လို့ရကြောင်း ဖုန်းဆက်အသိပေးတာကြောင့်...

Comments

comments