spot_imgspot_imgspot_imgspot_img
Tuesday, July 15, 2025
spot_imgspot_imgspot_imgspot_img

နန်းဖဲကျေးရွာအနီး ကျွန်းပင်ကုန်းအဆင်းတွင် တိုက်ပွဲဖြစ်

ကန္တာရဝတီတိုင်း(မ်)

ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး ကျွန်းပင်ကုန်းအဆင်းမှာ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တို့ ယနေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်မှာ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းပြန်ကြားနှင့်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဖက်မှ အင်အား ၅၀ ခန့်ဟာ ထားလဲကျေးရွာမှ နန်းဖဲကျေးရွာဖက်ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး KA နဲ့ KNDF ပူးပေါင်းအဖွဲ့မှ ပြန်လည်ခုခံ မှိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ ၃နာရီဝန်းကျင်လောက်မှာ ရွာကနေ ကြားရတယ် လက်နက်ကြီးသံကော လက်နက်ငယ်သံကော လက်နက်ကြီးသံက ၇ချက်လောက်ကြားရတယ်။ တိုက်ပွဲဖြစ်တဲ့နေရာက ရွာနဲ့တော့ မနီးပေမယ့် ရွာထိကြားနေရတယ်။”လို့ တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားက ကျေးရွာမှ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကရင်နီတပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

spot_img