spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းကရင်နီပြည်နယ်တွင် ကိုဗစ်လူနာ ၂ ထပ်မံ ဦးသေဆုံး၊ အတည်ပြုလူနာ ၃၅ ဦးထပ်တိုး

ကရင်နီပြည်နယ်တွင် ကိုဗစ်လူနာ ၂ ထပ်မံ ဦးသေဆုံး၊ အတည်ပြုလူနာ ၃၅ ဦးထပ်တိုး

-

ကန္တာရဝတီတိုင်း(မ်)

ယနေ့ ဇူလှိုင်လ ၂၅ ရက်နေ့မှာ ကရင်နီပြည်နယ်မှာ ကိုဗစ်လူနာ ၂ ဦးထပ်မံသေဆုံးပြီး လွိုင်ကော်မြို့ နဲ့ ဖားဆောင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၃၅) ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့မှ ကိုဗစ်ပိုးတွေ့ရှိသူ (၁၂)ဦးနဲ့ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ ကိုဗစ်ပိုးတွေ့ရှိသူ (၂၃)ဦး ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ နှစ်ဦးမှာ လွိုင်ကော်ဆေးရုံကြီးမှာ ကိုဗစ်ဆေးကုသမှုခံယူနေတဲ့ အသက် (၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် (၄၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါနဲ့ ဇူလိုင်လ ၂၅ရက်နေ့မှာ သေဆုံးခဲ့ပြီး ၎င်းတို့ရဲ့ရုပ်အလောင်းကို ရွှေလွိုင်ကော်ပရဟိတအသင်းမှ ၄မိုင်သုဿန်သို့ ပို့ဆောင်ကူညီသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၉ရက်နေ့မှ ဇူလိုင်လ ၂၅ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ (၃၄၇)ဦး၊ ဖရူဆိုမြို့မှ (၆) ဦး၊ ဘောလခဲမြို့မှ (၁၄) ဦး၊ ဖားဆောင်းမြို့မှ (၃၀)ဦး တို့ဖြစ်ပြီ စုစုပေါင်း ပိုးတွေ့ရှိသူ ( ၃၉၇)ဦးထိ ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ပိုးဖြင့် သေဆုံးသူ လွိုင်ကော်မြို့မှ (၁၃)ဦးနဲ့ ဖရူဆိုမြို့မှတစ်ဦး စုစုပေါင်း ၁၄ ဦး ရှိနေပြီး
ကိုဗစ် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူ (၁၁၁) ဦး နဲ့ ဆေးရုံတက်ရောက်ဆဲ (၂၇၂)ဦးကျန်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ