spot_img
12.3 C
Loikaw
Wednesday 21, January 2026
spot_img
Homeသတင်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်ကို အလွန်အကျွံအင်အားသုံးပြီး ထိုးစစ်ဆင်လျက်ရှိ

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်ကို အလွန်အကျွံအင်အားသုံးပြီး ထိုးစစ်ဆင်လျက်ရှိ

-

ကန္တာရဝတီတိုင်း(မ်)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်များကို အလွန်အကျွံအင်အားသုံးပြီး ထိုးစစ်ဆင်လျက်ရှိတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖယ်ခုံမြိုနယ် ကောင်းမိုင်း နဲ့ လွယ်လုံကျေးရွာအကြားမှာ စက်တင်ဘာလ ၂၈ရက်နေ့ မနက် ၆နာရီခွဲမှာ စစ်အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို KNDF မှ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ မွန်းတည့် ၁၂နာရီအထိ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ရက်နေ့ ညနေပိုင်းမှာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှာ ၎င်းတို့ စစ်ကူယာဉ်တန်းတိုက်ခိုက်ခံရအပြီး ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းလေးကြောင်းဖြင့် ခြေလျင်ချီတက်ကာ စစ်ကြောင်းထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခေါင်းမိုင်းတိုက်ပွဲအပြီးမှာ အင်အား ၁၅၀ ခန့် ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်ရှိ (၄၂၂)တပ်ရင်းသို့ ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကနေ့ ည (၇း၅၀) အချိန်မှာလည်း ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဖက်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ