spot_img
16.4 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းလွိုင်ကော်မြို့ပေါ်မှာ လူတစ်ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

လွိုင်ကော်မြို့ပေါ်မှာ လူတစ်ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်ြမို့ မင်္ဂလာရပ်ကွက်အတွင်းမှာ ဆိုင်ကယ်ပေါ်က လူတစ်ဦးသေဆုံးလျက် တွေ့ရတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

“မနေ့က ညနေပိုင်းလောက်မှာ တိုက်ပွဲငြိမ်တော့ အိမ်တွေကို လိုက်ကြည့်တယ်လေ အမျိုးအိမ်တွေပါပါပေါ့။ လူတစ်ယောက် လမ်းပေါ်မှာ သေနတ်ပစ်ခံရပြီး လဲနေတာကို တွေ့တယ်။ သေချာအောင် သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ လူငယ်တစ်ယောက်ဘဲ သူက ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ ဘယ်သူဆိုတာနဲ့ ဘယ်အချိန်က ပစ်ခံရပြီး သေဆုံးသွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ယမန်နေ့ (ဇန်နဝါရီလ ၁၃ရက်)နေ့လည်ခင်းက လွိုင်ကော်မြို့လယ် ရပ်ကွက်အချို့နဲ့
မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ်အနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ အရပ်သားသေဆုံးမှု ၁၅၄ဦး ရှိသွားပြီ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ ရပ်ကွက်တွေမှာ ဇန်နဝါရီလ ၆ရက်နေ့ကစပြီး တိုက်ပွဲရက်တိုင်းဖြစ်ပွားနေတဲ့အတွက် ဒေသခံရဲ့ သုံးပုံနှစ်ပုံ စစ်ဘေးရှောင်ကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ