spot_img
22.8 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်တစ်နေရာတိုက်ပွဲပြင်းထန်၊ ကင်းထောက်လေယာဉ်ဝဲနေ

ဒီးမော့ဆိုမြို့နယ်တစ်နေရာတိုက်ပွဲပြင်းထန်၊ ကင်းထောက်လေယာဉ်ဝဲနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ ဆီးလီဒုံးကျေးရွာအနီးတစ်ဝိုက်ဖက်မှာ ဒီကနေ့ မနက် ၅နာရီကျော်အချိန်ကစ နေ့ခင်း ၁၂နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ပြီး ကင်းထောက်လေယာဉ်ပျံဝဲနေတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကတော့ တစ်ကုန်ထုတယ်။ ကောင်းကောင်းကြားရတယ်။ စောနကပဲ ကင်းထောက်လေယာဉ်တစ်စီးလာတယ်။ ပစ်တော့မပစ်သေးဘူး။ တိုက်ပွဲကတော့ ဒီမနက် ၅နာရီခွဲကနေ ခုချိန်ထိပဲ။” လို့ ဒေသခံတစ်ဦးက ၁၂နာရီခွဲမှာ အတည်ပြု ပြောပါတယ်။

စစ်ကောင်စီတပ်က ဆီးလီဒုံးကျေးရွာဖက်ကို အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ တင့်ကား၊ လက်နက်ကြီးပစ်ကူ အသုံးပြုပြီး ထိုးစစ်ဆင်လာတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ Loikaw PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ညီနောင်မဟာမိတ်တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှစ ၂၃ရက်နေ့အထိ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားလိုက်ပြီး ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာတော့ နန်းမယ်ခုံမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာတွေကို မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ သောင်းချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ