spot_img
14.2 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းခမရ-၄၂၈ နဲ့ ဖရူဆိုမြို့မ ရဲစခန်း ထပ်မံ ဝင်ရောက်တိုက်ခိုက်ခံရ

ခမရ-၄၂၈ နဲ့ ဖရူဆိုမြို့မ ရဲစခန်း ထပ်မံ ဝင်ရောက်တိုက်ခိုက်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

မနေ့က (ဧပြီ ၂၆ရက်) ည ၅နာရီ ၅၀မိနစ် မှာ ခမရ-၄၂၈ နှင့်ဖရူဆိုမြို့မ ရဲစခန်းကို KNDF/ B-04နဲ့ PDF-Hpruso တို့ ပူးပေါင်း ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မနေ့က အသီးသီးထုတ်ပြန်ထားပါတယ်။ တိုက်ပွဲ တစ်နာရီဝန်းကျင် ကြာမြင့် ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဖက် (၄)ဦး ကျဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး KNDF/ B-04နဲ့ PDF-Hpruso တို့ဖက်မှာ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ (၁၄) ရက်မှာလည်း ထားလဲနဲ့ နန်းဖဲကျေးရွာ အကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက် ၄ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီဖက် တပ်ရင်း (၁၀၈)တပ်ရင်းမှူး ဝင်းထိုက်စိုး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖက်မှ ကျည်ဆံတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဖရူဆိုဖက်မှာဆိုရင် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ