spot_img
16.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

-

လက်နက်ကြီး ကြောင့် ပျက်စီးသွားတဲ့ နေအိမ် တစ်လုံး

ကန္တာရဝတီတိုင်း ( မ် )

ယနေ့( ဇွန်လ ၈ရက်နေ့ )နံနက်ပိုင်းမှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ ခလရ ၄၂၇က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အသက်၅၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ၁၀နာရီခွဲဝန်းကျင်မှာ အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကိုကျတယ်။ သုံးလုံးလောက်ကျတယ်။ အဲ့ဒီမှာ အဒေါ်တစ်ယောက် လက်ရိုးထိသွားတယ်။ ပြီးတော့ နေအိမ် တစ်လုံးနှစ်လုံး ထိသွားတာရှိတယ်။ “လို့ သူက ဆက်ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းက လူတွေထိသလို နေအိမ်ပျက်စီးတာတွေလည်း မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာ

ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့မှာလည်း ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာထဲကို လက်နက်ကြီး လေးလုံးကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးလက်နက်ကြီးစင်ထိ ဒဏ်ရာရခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၃ရက်နေ့ကနေ ဇွန်လ ၅ရက်နေ့အထိ နှစ်ပတ်အတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ ၂ဦး၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား ၄ဦးနဲ့ စစ်ကောင်စီသတ်ဖြတ်ခံရသူ တစ်ဦးရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က ဇွန်လ ၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ