spot_img
14.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းရိက္ခာဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်ကို DMO-PDFကြားဖြတ်တိုက်၊ စစ်ကောင်စီ ၃ ဦးသေဆုံး

ရိက္ခာဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်ကို DMO-PDFကြားဖြတ်တိုက်၊ စစ်ကောင်စီ ၃ ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဇူလိုင် ၁၁ရက်) နံနက် ၁၀ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းကို Hijet ကားဖြူ (၂) စီးနဲ့ ရိက္ခာတင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး သေဆုံးခဲ့တယ်လို့ DMO-PDFက ဒီကနေ့ (ဇူလိုင်လ ၁၂ရက်) သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) ဗျူဟာ(၃) မှ တပ်ရင်း C၊တပ်ရင်း D၊တပ်ရင်း E နဲ့ အလယ်ပိုင်းတိုင်း (၁၁၀၂)တို့ ပူးပေါင်းပြီး မိနစ် ၃၀ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက မြို့မရဲစခန်းအတွင်းကနေ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ကူတာတွေ ရဟတ်ယာဉ်တစ်စီးနဲ့လည်း ကင်းထောက်လှမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့မရဲစခန်းဟာ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာဖြစ်ပြီး ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ သွားရောက်တိုက်ခိုက်တဲ့ နေရာလည်းဖြစ်ပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၁၃၄၁)ဦးကျဆုံးသွားခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ