spot_img
14.1 C
Loikaw
Monday 8, December 2025
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာ နှစ်လတာ ကွန်ပျူတာ သင်တန်းဖွင့်လှစ်

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာ နှစ်လတာ ကွန်ပျူတာ သင်တန်းဖွင့်လှစ်

-

ထွေးရယ် / ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတစ်နေရာမှာ လူငယ်တွေအတွက် အဓိကရည်ရွယ်ပြီး နှစ်လသာ အခြေခံကွန်ပျူတာသင်တန်းကို ဖွင့်လှစ်လိုက်တယ်လို့ သင်တန်းဆရာတစ်ဦးက ပြောပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာလက်အောက်ကနေ ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့ကစ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံလူငယ် စုစုပေါင်း၂၀ဝန်းကျင်ကို စတင်သင်ကြားပေးနေတာဖြစ်ပါတယ်။

“ကျနော်တို့ဒီတော်လှန်ရေးကာလမှာ အခက်အခဲကြားထဲက အားတဲ့အချိန်လေးမှာ စိတ်မလေရအောင် တော်တော်များများကတော့ အနာဂတ်ပျောက်တယ်လို့ ခံစားနေကြရတယ်ပေါ့နော။ ကျနော်ကိုယ်တိုင်ကလည်း အဲ့ဒီလိုမျိုးခံစားနေရတယ်။ ဘယ်မှမသွားရတာချင်းအတူတူ ကိုယ်သွားနေတဲ့ နေရာမှာ တစ်ခုခုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စလိုက်တယ်။ ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။” လို့ သင်တန်းဆရာက ပြောပါတယ်။

တစ်ရက်ကို နှစ်နာရီခန့် သင်ကြားပေးပြီး software အကြောင်း၊ Microsoft word၊ Excel၊ powerpoint စတာတွေကို အခြေခံအနေနဲ့ သင်ပေးသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်က တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေတွေမှာ လူငယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို သွားတဲ့သူတွေ၊ စစ်ရှောင်စခန်းတွေမှာ လိုအပ်တာတွေကို ကူညီဆောင်ရွက်နေတဲ့သူတွေနဲ့ ပညာရေးကို ဆက်လက် သင်ယူနေကြတဲ့သူတွေ ရှိပါတယ်။

စစ်မြေပြင်ဖြစ်နေတဲ့အတွက် လုပ်ဆောင်နေကြတဲ့အခန်းကဏ္ဍတွေဟာ ပုံမှန်အခြေအနေတွေထက် အခက်အခဲ၊ လိုအပ်ချက်တွေ များစွာရှိနေတယ်လို့ ပြောကြပါတယ်။ ဒီလို အခက်အခဲတွေကြားထဲမှာ လူငယ်တွေဟာ သူတို့ရဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ပတ်သက်ပြီး ဆက်လက်သင်ယူနိုင်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

ဓါတ်ပုံ – Nway Oo Guru Lay Myar

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ