spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆောင်ကန်း(ရှမ်း)ကျေးရွာကို လက်နက်ကြီးကျရောက်ပြီး အသက်၆၀အရွယ် အမျိုးသားတစ်ဦးသေဆုံး

ဆောင်ကန်း(ရှမ်း)ကျေးရွာကို လက်နက်ကြီးကျရောက်ပြီး အသက်၆၀အရွယ် အမျိုးသားတစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း( မ် )

လွိုင်ကော်မြို့နယ်အတွင်းရှိ ဆောင်ကန်း(ရှမ်း)ကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၁ရက် နေ့လည် ၁နာရီအချိန် လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၆၀အရွယ် ဦးဂျူးသေဆုံးခဲ့တယ်လို့ ဖယ်ခုံ PDF က ဒီကနေ့ စက်တင်ဘာလ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဆောင်ကန်းရှမ်းကျေးရွာသို့ လက်နက်ကြီးနှစ်လုံး၊ ဖလိုင်တောင်ခြေကျေးရွာသို့နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လွိုင်ကော်အမြောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ မိုးဗြဲမြို့တွင်းမှာတော့ စက်တင်ဘာလ ၁၆ရက်နေ့မှ ဒီကနေ့အထိ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလအတွင်း ကန္တာရဝတီတိုင်း( မ် )မှ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့စာရင်းအရ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ မိုးဗြဲမှ ကလေးအပါအဝင် ၅ဦး၊ လွိုင်ကော်မှ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ တစ်ဦးနဲ့ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူတစ်ဦး၊ ဒီးမော့ဆိုမြို့မှ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံရသူ နှစ်ဦး စုစုပေါင်း အရပ်သား သေဆုံးမှု (၁၀) ဦးရှိသွားပြီဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ