Homeသတင်းစစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်စီး

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်စီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ကျေးရွာတစ်ရွာမှာ ဒီကနေ့ (ဒီဇင်ဘာလ ၁၀ရက်) မနက် ၁၁နာရီခွဲအချိန် နေအိမ်တစ်လုံး အပေါ်တည့်တည့် စစ်ကောင်စီဖက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အဲ့ဒီနေအိမ် ထိမှန်ပျက်စီးခဲ့ရပါတယ်။

” ဒီမနက် ၁၁နာရီခွဲအချိန်မှာ အရင်ဆုံး ဒရုန်းနဲ့လာကြဲသွားတယ်။ အိမ်ပေါ်တည့်တည့်ပေါ့။ လူတော့ထိခိုက်မှုမရှိဘူး။ ပီးတော့ လက်နက်ကြီး ၅လုံးလောက် ရွာထဲ ကျတယ်။ အိမ်ရဲ့ပေတစ်ရာပတ်လည်မှာလည်း မီးစကြောင့် လောင်ကျွမ်းတာရှိတယ်။ ဒေသခံတွေ စုပေါင်းပြီး မီးငြိမ်းခဲ့ရတယ်။ “လို့ မျက်မြင်တစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအခြေစိုက် ခမရ (၄၂၇) တပ်မှ ပစ်ခတ်တဲ့ ၈၁ မမ လက်နက်ကြီး ၅လုံးခန့် အဲဒီကျေးရွာအတွင်း ကျရောက်ခဲ့တယ်လို့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ အချိန်ကစပြီး စစ်ကောင်စီဘက်က ဒရုန်းတွေနဲ့ ကင်းထောက်လှမ်းမှု ပြုလုပ်တာတွေရှိခဲ့ပေမယ့် ၂၀၂၂ခုနှစ် နိုဝင်ဘာလကစပြီး ဗုံးသီးတပ်ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်ဖို့ ဗုံးသီးတပ်ဒရုန်းများပိုမိုအသုံးပြုလာနိုင်ကြောင်း ကရင်နီပြည်အစိုးရ ကာကွယ်ရေးဌာန ဒု-ဝန်ကြီး ခူဒယ်နီယာယ်က နိုဝင်ဘာလ(၁၆)ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ် )ကို ပြောဆိုခဲ့ဖူးပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ