spot_img
13.2 C
Loikaw
Wednesday 21, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

-

ဓာတ်ပုံ – KNDF

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။ မတ်လ ၂၁ရက်နေ့ထိတွေ့တိုက်ပွဲအတွင်း ရဲဘော် ခူးဦးရယ်ကျဆုံးပြီး မတ်လ ၂၂ ရက်နေ့မှာတော့ ရဲဘော်နိုရယ် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်နှစ်ဦးကို အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတ်လ ၂၂ ရက်နေ့ ဒေါတမကြီးတိုက်ပွဲအတွင်း တပ်ရင်း အမှတ် (၈၀၃)မှ အသက် (၂၀)အရွယ် ရဲဘော်အရှည်ကြီး (ခ)ငြိမ်းထက်နိုင် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)က ထုတ်ပြန်ထားတာရှိပါတယ်။

ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာမှာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်ကလည်း အကျအဆုံးရှိနေသလို ဘောလခဲအခြေစိုက်တပ်ရင်းကနေ လက်နက်ကြီးပစ်ကူ အသုံးပြုတိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ရှိနေတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့(KnMIC) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ – KNDF
ဓာတ်ပုံ – KNDF

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ