spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဘောလခဲ-ဖားဆောင်းလမ်းမကြီးပေါ် သွားလာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

ဘောလခဲ-ဖားဆောင်းလမ်းမကြီးပေါ် သွားလာတဲ့ အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မေလ ၂၉ရက်) မနက် (၁၀)နာရီဝန်းကျင်အချိန်မှာ ဘောလခဲ- ဖားဆောင်း လမ်းမကြီးပေါ် သွားလာနေတဲ့ အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး ကားပေါ် လိုက်ပါစီးနှင်းလာတဲ့ အမျိုးသမီး ကျည်ဆံထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမျိုးသမီးတစ်ဦး နဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်ခဲ့ပြီး အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကားကို အမျိုးသားသုံးဦး နဲ့ အမျိုးသမီး နှစ်ဦး လိုက်ပါစီးနှင်းတာဖြစ်ပြီး ဘောလခဲမြို့ဆေးရုံကနေ နေရပ် ဖားဆောင်းမြို့ကို ပြန်တဲ့လမ်းမကြီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကျည်ထိမှန်သေဆုံးခဲ့တဲ့ အမျိုးသမီးတစ်ဦးက အမျိုးသားဖြစ်သူနဲ့အတူ ဖားဆောင်းပြန်မယ့် အဆိုပါကားနဲ့ လမ်းကြုံလိုက်စီးလာတယ်လို့ သိရပါတယ်။

မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခံရပြီး မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ