Homeသတင်း၂၀၂၀ရွေးကောက်ပွဲမှာ KSDP ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ကျော်ထွန်း အသတ်ခံရ

၂၀၂၀ရွေးကောက်ပွဲမှာ KSDP ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ကျော်ထွန်း အသတ်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

၂၀၂၀ရွေးကောက်ပွဲမှာ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ (KSDP) (ယခင် KySDP) ပါတီမှ မယ်စဲ့မြို့နယ် အမျိုးသားလွတ်တော်မဲဆန္ဒနယ် မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ကျော်ထွန်းဟာ ယခုရက်ပိုင်းမှာပဲ မယ်စဲ့မြို့နယ်မှာ သတ်ဖြတ်ခံရတယ်လို့ KSDP က ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း အသတ်ခံရတယ်လို့ ဦးကျော်ကျော်ထွန်း နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ ကြားသိရတယ်လို့ ပြောပါတယ်။

ဦးကျော်ကျော်ထွန်း အသတ်ခံရတာနဲ့ပတ်သက်ပြီး မည်သည့်အကြောင်းအရင်းနဲ့ မည်သူမည်ဝါက သတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရှိရသေးဘဲ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုအတွက် သက်ဆိုင်ရာ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဦးကျော်ကျော်ထွန်း အသတ်ခံရတာနဲ့ပတ်သက်ပြီး KSDP အနေနဲ့ ကန့်ကွက်ရှုတ်ချထားပါတယ်။

ဦးကျော်ကျော်ထွန်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးပြီး ပါတီနဲ့ အဆက်အသွယ်မပြုတာ ၂နှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။

အသက် (၃၇)နှစ်အရွယ် ဦးကျော်ကျော်ထွန်းဟာ ၂၀၂၀ရွေးကောက်ပွဲမှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) လက်ရှိ ကရင်နီပြည်နယ်ဒီမိုကရက်တစ်ပါတီ(KSDP) ကနေ အမျိုးသားလွှတ်တော် (၅) မယ်စဲ့မြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ