spot_img
31.6 C
Loikaw
Sunday 15, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ရှောင်လူထုအတွက် ဆေးဝါးတွေလိုအပ်ချက်တွေကို လှူဒါန်းပေးဖို့ မူကယန်းလူမှုကူညီမှု အသင်းဖိတ်ခေါ်

စစ်ရှောင်လူထုအတွက် ဆေးဝါးတွေလိုအပ်ချက်တွေကို လှူဒါန်းပေးဖို့ မူကယန်းလူမှုကူညီမှု အသင်းဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက စစ်ရှောင်လူထုတွေကို ကျန်းမာရေးစောင့်ရှောင်မှုပေးနိုင်ဖို့အတွက် ဆေးဝါးတွေလိုအပ်နေတာကြောင့် အလှူရှင်တွေအနေနဲ့ ဆေးဝါးတွေအတွက်လှူဒါန်းပေးဖို့ကို မူကယန်း လူမှုကူညီရေးအသင်း ကပြောပါတယ်။

“လက်ရှိဆေးဝါးတွေ အရမ်းခက်ခဲနေတဲ့ အခြေအနေမျိုးတွေရှိတာပေါ့နော်။ လိုအပ်နေတယ်ပေါ့နော်။” လို့ မူကယန်း လူမှုကူညီရေးအသင်းရဲ့ တာဝန်းရှိသူဖြစ်တဲ့ ခွန်းယောဟန်က ပြောပါတယ်။

အဆိုပါ မူကယန်းလူမှုကူညီရေးအသင်းဟာ လက်ရှိ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ဆေးခန်း ဖွင့်ထားပြီး တလလျှင် လူနာ ၁၂၀၀ ဝန်းကျင်လောက်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ဆိုထားပါတယ်။

“လူနာတစ်ယောက်ရဲ့ ပေးတဲ့ ဆေးရဲ့ ပျမ်းမျှက ဥပမာ တစ်ချို့လူနာက ၃ထောင်တို့ ၄ထောင်တို့ တစ်ချို့လူနာက ၁သောင်းကျော်ထိ ပေးတဲ့ ဆေးရဲ့ တန်ဖိုးက အဲ့လောက်ရှိတယ်။ ပျမ်းမျှအားဖြင့်ပေါ့နော် ၅ထောင်ကျော်လောက်ရှိတယ်။ ဆိုတော့ တစ်လတစ်လရဲ့ ကုန်ကျစရိတ်က သိန်း ၅၀/၆၀ ဝန်းကျင်လောက်ရှိတယ်ပေါ့နော်။ အလှူရှင်တွေကို ဖိတ်ခေါ်လိုတယ် ။ဒီလှူဒါန်းပေးဖို့ ပေါ့နော်။ ။ မူကယန်းဆေးပေးခန်းအတွက် မူကယန်းရဲ့ ဆေးဝါးအတွက်ပေါ့နော် လှူဒါန်းပေးဖို့လိုတယ်”လို့ဆိုပါတယ်။

မူကယန်း လူမှုကူညီရေးအသင်းရဲ့ ဆေးခန်းကို နေ့စဥ်နေ့တိုင်းဖွင့်ထားပေးနေသလို အရေးပေါ်အခြေအနေမျိုးမှာလည်း လူနာအပေါ်မူတည်ပြီး ညအချိန်ထိ ဖွင့်ပေးနေတာရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ ဆေးပေးခန်းတွက် ဆေးဝါးကုန်ကျစရိတ်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမရှိသေးပဲ ပြည်ပက အလှူငွေအနေနဲ့သာ လည်ပတ်နေရတယ်လို့ မူကယန်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ခွန်းယောဟန်က ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ