Homeသတင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟန်စိုက်ခူ စစ်ရှောင်စခန်းနေရာတချို့မှာ ရေကြီးနေ

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟန်စိုက်ခူ စစ်ရှောင်စခန်းနေရာတချို့မှာ ရေကြီးနေ

-

ကန္တာရဝတီတိုင်း(မ်)

အောက်တိုဘာလ ၁ဝ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဟန်စိုက်ခူ စစ်ရှောင်စခန်းရဲ့ နေရာတချို့မှာ ရေကြီးမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ရေကြီးနေတာကြောင့် စစ်ရှောင်တွေ သွားလာ၊ နေထိုင်ဖို့ အခက်အခဲရှိနေကြတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

“မနေ့က ဗုဒ္ဓဟူးနေ့ ကစပြီး ရေစကြီးလာတာပေါ့။ ဆိုင်ကယ်တွေသွားလာလို့မရတော့ဘူး စစ်ရှောင်တွေနေရာရွေ့ကုန်ကြတယ်။ တချို့ဆို တောင်ပေါ်မြင့်တဲ့နေရာ ရွေ့နေကြတယ်။ လယ်ယာတွေ တောင်ယာတွေ ပျက်စီးတာလဲရှိတယ်။” လို့ ဟန်စိုက်ခူ စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ဟန်စိုက်ခူစစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့နှစ်တွေက ရေကြီးတာတွေ ဖြစ်ဖူးပေမယ့် ဒီနှစ်မှာတော့ သွားလာရေးခက်ခဲတဲ့အထိ ရေကြီးနေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ပထမပတ်မှစတင်ပြီး နေရာအနှံ့မှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်ရှောင်တချို့ရဲ့ လယ်ယာပျက်စီးမှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ နေရာထိုင်ခင်းပြောင်းရွေ့ရမှု စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဟန်စိုက်ခူ စစ်ရှောင်စခန်းမှာ ရပ်ကွက် ၁၇ ခုရှိပြီး လက်ရှိ ရေကြီးမှုကို အိမ်ခြေ ၈၀၀န်းကျင်ရှိတဲ့ ရပ်ကွက် ၁ နဲ့ လမ်းမကြီးဘေးနားက နေအိမ်တွေ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ