spot_img
14.2 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်း“ အမျိူးသမီးများအပေါ် အကြမ်းဖက်မူပပျောက်ရေးနေ့ ” အခမ်းအနားကို စစ်ရှောင်နေရာတချို့မှာ ပြုလုပ်

“ အမျိူးသမီးများအပေါ် အကြမ်းဖက်မူပပျောက်ရေးနေ့ ” အခမ်းအနားကို စစ်ရှောင်နေရာတချို့မှာ ပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (နိုဝင်ဘာလ (၂၅)ရက်နေ့)မှာ ကျရောက်တဲ့ “အမျိူးသမီးများအပေါ် အကြမ်းဖက်မူပပျောက်ရေးနေ့” အထိမ်းအမှတ်အနေနဲ့ ကရင်နီပြည်တွင်း စစ်ရှောင်စခန်းတချို့နဲ့ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် က စစ်ရှောင်စခန်းတွေမှာ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) က ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။

ကျား၊မ ရေးရာအခြေပြုအကြမ်းဖက်မှု (Gender Base Violence) နဲ့ ပတ်သက်ပြီး အကျယ်တဝင့် သိရှိလာစေဖို့၊ အမျိူးသမီးတွေ အပေါ်အကြမ်းဖက်မူလျော့နည်းလာစေဖို့၊ အကြမ်းဖက်ခံရပါက ရယူရမယ့် ဝန်ဆောင်မှု အကြောင်းပိုမိုသိရှိလာစေဖို့နဲ့ ၁၆ရက်တာလှုပ်ရှားမှု သမိုင်းအကြောင်းသိရှိစေဖို့ နဲ့ အမျိူးသမီးနဲ့ ကလေးငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ပဋိပက္ခပိုင်းဆိုင်ရာနောက်ဆက်တွဲ
အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရှာဖွေဖော်ထုတ်နိုင်စေဖို့ အတွက် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ လူထုတွေ၊ စစ်‌ရှောင်စခန်းကော်မတီတွေ၊ ကျေးရွာတာဝန်ခံတွေနဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေ ပါဝင်တက်ရောက်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ ငါးရာ ပါဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခမ်းအနားမှာတော့ (၁၆)ရက်တာလှုပ်ရှားမှုအကြောင်းဝေမျှခြင်း၊ တက်ရောက်ပါဝင်သူတွေကနေ နေ့ထူးနေ့မြတ်အပေါ် အမြင်သဘောထား တွေ၊ ရင်တွင်းခံစားချက်တွေ တင်ပြခြင်း နဲ့ ၁၆ရက်တာလှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ အမေးအဖြေပြုလုပ်တာ၊ ဆုလက်ဆောင်ရယူခြင်း စတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ