spot_img
16.4 C
Loikaw
Sunday 7, December 2025
spot_img
Homeသတင်းစစ်ဘေးရှောင်တွေ စားဝတ်နေရေးချောင်လည်ဖို့အတွက် ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့ ပြင်ဆင်

စစ်ဘေးရှောင်တွေ စားဝတ်နေရေးချောင်လည်ဖို့အတွက် ဆောင်းသီးနှံတွေ စိုက်ပျိုးဖို့ ပြင်ဆင်

-

CJ/ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ် စစ်ဘေးရှောင်စခန်း ၁ ခုမှာ စားဝတ်နေရေး သက်သာချောင်ချိရန်အတွက် ဆောင်းသီးနှံကို စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။

ဒီလို စိုက်ပျိုးမှုဟာ ဝင်ငွေရ အလုပ်အကိုင်မရှိဖြစ်နေတဲ့ စစ်ဘေးရှောင်ကာလအတွင်း စစ်ရှောင်တွေကို တစ်ဖက်တစ်လှမ်းအထောက်အကူပြုစေနိုင်တယ်လို့ ဆိုကြပါတယ်။

“ဒါကတော့ ကျနော်တို့ကို အလုပ်တစ်ခုပေးတာပေါ့၊ ဒီမှာနေတော့ အလုပ်မရှိဘူးလေး၊ လူတွေက ပို မပျင်းအောင် အလုပ်ပေးတဲ့ သဘောပါပဲ။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ကြက်သွန်ဖြူ စတင်စိုက်ပျိုးနိုင်ရေး ကာလအတွင်းမှာ လက်ရှိပေါက်စျေး တစ်ပိဿာ ၁၂၀၀၀ ကျပ် အထိ ရှိကြောင်း သိရပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆာလရွက်၊ နံနံပင်၊ ဥနီ စတဲ့ အမျိုးအစားတွေကို အများစု စိုက်ပျိုးကြတာပါ။

ကရင်နီပြည်မှာ စစ်ရှောင်ကာလ နှစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေကို လုံလောက်အောင်ထောက်ပံ့ပေးနိုင်မှု ပိုမိုနည်းပါးလာတဲ့အပြင် ကုန်စျေးနှုန်းကြီးမြင့်လာမှုရဲ့ ဒဏ်ကိုလည်း ခါးစည်းခံနေကြရတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ