spot_img
30.5 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲ၊ အရပ်သား ၃ ဦးထိခိုက်

ဒီးမော့ဆိုကို တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲ၊ အရပ်သား ၃ ဦးထိခိုက်

-

ကန္တာရ၀တီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းတစ်နေရာကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီကနေ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံး ၁၀လုံးထက်မနည်း ကြဲချ၊ တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက် ၁၀နာရီခွဲလောက်မှ လာပစ်သွားတယ်။ လေယာဉ်နှစ်စီးနဲ့လာတယ်။ တစ်ခေါက်ပစ်ချရင် လေးလုံး အတွဲလိုက်ချတယ်။ အားလုံးပေါင်းလိုက်ရင် ၁၀လုံးမအောက်ဘူးလို့ ပြောလို့ရတယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို အရပ်သားရှိရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်လေယာဉ်နှစ်စီးကနေ ပေါင် ၁၀၀၊ ပေါင် ၂၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“၃ယောက်ပေါ့။ ထိသွားတာတော့ ၃ ယောက်ရှိတယ်။ ဒါမဲ့တစ်ယောက်ကတော့ ခြေတောက်ထိသွားတယ်။ ခြေတောက်ထိသွားတော့ ဖြတ်ရမလား မဖြတ်ရဘူးလားတော့ မသိသေးဘူးပေါ့နော” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည်ပိုင်းအချိန်မှာလည်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ အရပ်သားရှိရာနေရာတွေကို မကြာခဏ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ