Homeသတင်းဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေစုပေါင်းပြီး ခရစ္စမတ်ပွဲပြုလုပ်

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ရှောင်တွေစုပေါင်းပြီး ခရစ္စမတ်ပွဲပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း ၂ခုက စစ်ရှောင်တွေ စုပေါင်းပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ္စမတ်ပွဲကို ဒီဇင်ဘာလ (၂၄)ရက် နဲ့(၂၅)ရက်နေ့က အကျဉ်းချုံး ပြုလုပ်ခဲ့ကြပါတယ်။

” ခါတိုင်းဆို ကျနော်တို့ ရွာမှာက စည်စည်ကားကားနဲ့ ကျင်းပလို့ရတယ်ပေါ့။ ဒါပေမဲ့ ခုကလဲ စစ်ရှောင်တယ်ဆိုပေမဲ့ ဒီအထိမ်းအမှတ်လေးကတော့ ကျနော်တို့ ပျောက်ကွယ်လို့မရဘူးပေါ့နော်။ ကျနော်တို့က ဘယ်နေရာပဲ စစ်ရှောင်ရှောင် ဘယ်နေရာပဲနေနေ ဘယ်ဒေသပဲနေနေ အမြဲတမ်း ဒီ ခရစ္စမတ်ပွဲတော်ကို ကျင်းပမှာပဲ” လို့ ခရစ္စမတ်ပွဲကို ဦးဆောင်ကျင်းပတဲ့ စစ်ရှောင်ဥက္ကဌက ဆိုပါတယ်။

ခရစ္စမတ် ပျော်ပွဲရွှင်ပွဲကျင်းပနေစဉ်မှာပဲ စစ်ကောင်စီရဲ့ကင်းထောက် ရဟတ်ယာဉ် ပျံဝဲတာရှိတဲ့အတွက် ပုန်းရှောင်ခဲ့ရပေမဲ့ ခရစ္စမတ်ပွဲကိုတော့ ပြီးဆုံးတဲ့အထိ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မထင်မှတ်ဘူးပေါ့နော် ကျနော်တို့က စစ်ရှောင်လေ ရွာနဲ့မှ မတူတာ။ ဒီအခြေနေနဲ့ဆို ခရစ်စမတ်ပွဲက ဘယ်သူပါဝင်မလဲ ဘယ်လိုပြင်ရမလဲဆိုတာကို ကျနော်တို့လဲ တွေးတွေးရင်း စိုရိမ်ပူပန်မှု များစွာရှိတာပေါ့‌။ သို့ပေမဲ့ တစ်ထောင့်တစ်‌နေရာကနေ စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ကြခါကျတော့ ကျနော်တို့လဲ ဒီမှာရှိတဲ့ ဘာသာတူဖြစ်သော်လည်းကောင်း၊ ဘာသာမတူသော်လည်းကောင်း အားလုံးပါဝင်ကြတဲ့အတွက်ကြောင့်မို့ ခရစ္စမတ်ပွဲလဲကျင်းပခဲ့ကြတယ်။” လို့ စစ်ရှောင်ဥက္ကဌက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းနှစ်ခုက စုပေါင်းပြုလုပ်သွားကြတဲ့ ခရစ္စမတ်ပွဲမှာ ဂိမ်းကစားခြင်း၊ အာဟာရကျွေးခြင်း၊ ကံစမ်းမဲများနှိုက်ခြင်း နဲ့ အခြားဖျော်ဖြေရေး အစီအစဉ်တွေလည်း ပြုလုပ်သွားခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ