spot_img
16.4 C
Loikaw
Wednesday 28, January 2026
spot_img
Homeသတင်းစိန်ရောင်ခြည် စစ်ရှောင်စခန်းမှာ Karenni Hope အဖွဲ့က အသုံးအဆောင် ပစ္စည်းသွားရောက်လှူဒါန်း

စိန်ရောင်ခြည် စစ်ရှောင်စခန်းမှာ Karenni Hope အဖွဲ့က အသုံးအဆောင် ပစ္စည်းသွားရောက်လှူဒါန်း

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ စိန်ရောင်ခြည် စစ်ရှောင်စခန်း မှာ Karenni Hope အဖွဲ့ကနေ အသုံးအဆောင် ပစ္စည်းတွေဖြစ်တဲ့ ရေပုံး၊ စောင်၊ ဆပ်ပြာ ၊သွားတိုက်တံ၊ ထမီ ၊ပုဆိုး၊ အတွင်းခံတွေနဲ့ ရေလှောင်ဖို့ အတွက် အသုံးပြုနိုင်တဲ့ မိုးကာတွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စိန်ရောင်ခြည် စစ်ရှောင်စခန်းမှာ လူဦးရေ ၂ ထောင် ဝန်းကျင်ရှိပြီး အိမ်ထောင်စု ၄၀ ရှိသလို လက်ရှိမှာ အမိုးအကာ လိုအပ်နေတယ်လို့ Karenni Hope တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မိုးကာတွေအရမ်းလိုအပ်နေတယ်ပေါ့နော်။ ကြာလဲကြာပြီဆိုတော့ နှင်းတွေကစိမ့်ပြီး ယိုနေတာတွေရှိတယ်ဗျ။ ပြီးတော့ CDM ဆရာမတွေကို အသုံးစရိတ်ပေးချင်တာကော ကျနော်ကိုပြောလာပါတယ်။” လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ ဖူလုံတာမရှိသလို နေ့စားအငှားလိုက်ပြီး စားဝတ်နေရေးဖြေရှင်းကြရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စားနပ်ရိက္ခာကတော့ ဖူလုံတာမရှိပါဘူး ကိုယ့်ဟာကိုယ် ယာလေး လုပ်တာတုန်းနဲ့ လုံးလုံးကို စားနပ်ရိက္ခာဆိုတာက ပြတ်နေတယ်။ သူများတောင်ယာလေး လိုက်တာနဲ့ အဲ့ဒါတွေနဲ့ပဲ ရှာစားရတာ။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Karenni Hope အဖွဲ့ဟာ ကရင်နီ စစ်ရှောင်ကူညီရေးနဲ့ ရဲဘော်ထောက်ပို့၊ ကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ