spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမှာ K-Pay ကနေ ငွေ သိန်း ၃၀၀ ကျော် အလိမ်ခံရ

ဒီးမော့ဆိုမှာ K-Pay ကနေ ငွေ သိန်း ၃၀၀ ကျော် အလိမ်ခံရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို မြို့နယ် အနောက်ဖက်ခြမ်းက K- pay ငွေသွင်းငွေထုတ် ပြုလုပ်ပေးနေသူတစ်ဦးထံကနေ အမည်မသိအမျိုးသားတစ်ဦးက ကျပ်ငွေသိန်း ၃၇၆ ကျော် လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ နေ့ခင်းပိုင်းမှာ အသက် ၂၀ ကျော်အရွယ်အမျိုးသားတစ်ဦးက Kpay ငွေထုတ်ပေးနေသူနဲ့ ရင်းနှီးသူတစ်ဦးအမည်ဖြင့် ငွေလာရောက်ထုတ်ယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဖြစ်နေတာက ပဆေးလာမှာက အစ်မဟာကငွေလာထုတ်နေကျ။ မိုးဗြဲဖက်က လူတစ်ယောက်ရဲ့နာမည်နဲ့လိမ်တာ ဦး……… နာမည်ပြောပြီး‌မှ ဦး………… က ငွေလာယူခိုင်းတယ်ဆိုပြီးတော့မှ ကျမမောင်လေးလည်း သူမအားလို့ သူ့လူတစ်ယောက်ယောက် လွတ်လာတယ် အဲ့လိုပဲထင်နေပြီးတော့ မှသေချာမမေးမြန်းဘူး ဘာဖြစ်လဲဆို ဆက်ဖို့ဆိုလည်း ဖုန်းလိုင်းလည်း အဆင်ပြေဖို့လည်း လိုသေးတဲ့ခါကျတော့ ထုတ်ပေးလိုက်တာ အစ်မတို့ ငွေပါသွားတာက ၃၇၆ သိန်း ဖြစ်နေလို့”လို့ ငွေသွင်းငွေထုတ် ဆောင်ရွက်ပေးနေသူ အမျိုးသမီးက ဆိုပါတယ်။

၂၉ ရက်နေ့မှာ ငွေကျပ် သိန်း ၃၇၆ သိန်း ငွေလိမ်ထုတ်ယူသွားသူ တစ်ဦး။ ဓါတ်ပုံ – ငွေသွင်းငွေထုတ် ပြုလုပ်ပေးသူ။

ကရင်နီပြည်မှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ခုလို ငွေလွဲ၊ ငွေထုတ်လုပ်ပေးနေသူတွေဟာ မကြာခနဆိုသလို အလိမ်ခံနေရတာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အခုလိုအလိမ်ခံရတာဟာ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ ဒီတကြိမ်မှာ ငွေပမာဏအများဆုံး အလိမ်ခံရတာဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်ကြားရမယ့်နေရာကို မသိထားကြဘူးလို့လည်း ဆိုပါတယ်။

“အစ်မ သူ့ကို တွေ့ရင် ဘာမှ မလုပ်ဘူး ငွေ အပြည့်ပြန်မရရင်နေ တဝက်လောက်ပြန်ပေးရင်လည်း ကျေနပ်ပါတယ်။” လို့ ငွေသွင်းငွေထုတ်လုပ်ပေးနေသူ အမျိုးသမီးက ပြောပါတယ်။

ငွေလာလိမ်ထုတ်သူတွေဟာ အကောင့်တု၊ ငွေလွဲစလစ်အတုနဲ့ လာလိမ်သွားတာရှိသလို တစ်စုံတစ်ဦးရဲ့ နာမည်နဲ့လာလိမ်ထုတ်ယူသွားကြတာ ရှိတယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ