spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

အတွေ့အကြုံသင်ယူရန် အသက်မွေးဝမ်းကြောင်းသင်တန်းသားများအတွက်လုပ်ငန်းခွင်ရှားပါးနေ

Author

Date

Category

ထျိုးမြာ

အလုပ်အကိုင်အခွင့်အလမ်းအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကာလတိုသင်တန်းကို finnish refugee council (FRC)မှ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ပူးပေါင်းပြီး ကာလတိုသင်တန်းဖွင့်လှစ်ပေးလျက်ရှိသော်လည်း ကယားပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ အများအပြားမရှိသေးသောကြောင့် ကျောင်းသူကျောင်းသားများ ကွင်းဆင်းလေ့ကျင့်ပေးရန်အတွက်
အခက်အခဲဖြစ်နေကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက်နေ့ Famous Hotel တွင် FRC မှ ကြီးမှူးကျင်းပသော
အလုပ်အကိုင်အခွင့်အလမ်းချိတ်ဆက်ပွဲအခမ်းအနားတွင် ကွင်းဆင်းနေသော ကျောင်းသားတစ်ဦးမှ ၎င်းတို့၏ လုပ်ငန်းခွင်နှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြခဲ့ရာ FRC မှ ဆရာများက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ဆင်းတဲ့နေရာကျတော့ ကျနော်တို့သဲတွေဘာတွေပဲ မ ရတယ်။ ပြီးတော့ တကယ့်အလုပ်ကြမ်းတွေပဲ လုပ်ရတယ်ပေါ့နော။ ဒါပေမဲ့ ဒါတွေကတော့ ကောင်းပါတယ်။ ဖြစ်နိုင်ရင်ပေါ့နော။ တစ်ပတ်ကို တစ်နေရာတစ်နေရာ ကျနော်တို့ကျောင်းသားတွေ ကို ဖြစ်နိုင်လို့ရှိရင် ကျနော့ရည်ရွယ်ချက်နဲ့ပေါ့နော။ တစ်ပတ်ကို အုပ်စီတဲ့နေရာဖြစ်ဖြစ် ၊ အချောကိုင်တဲ့နေရာဖြစ်ဖြစ် ၊ မျက်နှာကျက ်ကပ်တဲ့နေရာဖြစ်ဖြစ် ၊ ကြွေပြားကပ်တဲ့ နေရာဖြစ်ဖြစ် အလှည့်ကျ စီစဉ်ပေးနိုင်လို့ ရှိရင်တော့ ကျနော်တို့ကျောင်းသားတွေအတွက် ပိုထိရောက်မှုရှိမယ်လို့ ကျနော်ထင်ပါတယ် ” ဟု ကျောင်းသားတစ်ဦးက ပြောသည်။

လုပ်ငန်းခွင်အတွင်း သင်ကြားပေးရန် လက်ခံသော ကုမ္ပဏီများရှိသကဲ့သို့ လက်မခံချင်သော ကုမ္ပဏီများလည်း ရှိသောကြောင့် FRC အနေနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံ အလုပ်သင်ခွင့်ပြုပေးနိုင်ရန်အတွက် ချိတ်ဆက်ပေးရာတွင်လည်း အခက်အခဲရှိနေကြောင်း FRC မှ Program Coordinator ဦးမိုးဇော်အောင်နှင့် တခြားတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ကယားပြည်နယ်ဒေသတွင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင် ့ပူးပေါင်းပြီး လုပ်ငန်းခွင်ဝင် အခြေခံအဆင့်သင်ကြားပေးခြင်းဖြစ်သည်ဟု နည်းပညာအထက်တန်းကျောင်းမှ ကထိက ဒေါ်တင်မိုးလွင် ကပြောပါသည်။

ထို့အပြင် ကျောင်းလာတက်သောကလေးများသည် ရည်ရွယ်ချက်ရှိသော ကလေးများပါသကဲ့သို့ အပျော်လာတက်သောကလေးများလည်း ရှိနေကြောင်း သိရသည်။
“ကျမတို့ နည်းပညာအထက်တန်းကျောင်းက ဆရာ/မတွေက အခြေခံအဆင့်ကို တစ်လခွဲသင်ပေးတယ်။ အပြင်မှာ သူတို့လက်တွေ့ဆင်းတယ်။ သုံးလပဲရတော့ ကို်ယ့်ရဲ့အသက်မွေးဝမ်းကြောင်းကအဆင်မပြေနိုင်သေးပါဘူး။ ကိုယ့်ဘာကိုယ်ထပ်ပြီး ဆည်းပူးဖို့ လိုပါတယ်။ တစ်ချို့ကျတော့လည်း အရမ်းကြီးကို ဖရော်ဖယ်ရှင်နယ်ကျကျဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ဟာကို သုံးနှစ်မှ အဆင်ပြေနိုင်ပါမယ် ” ဟု ပြောပါသည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာ ကာလတိုသင်တန်းကို တစ်ကြိမ်လျှင် သုံးလဖွင့်လှစ်ပေးလျှက်ရှိပြီး ဆိုင်ကယ်ပြင်ခြင်း၊ ဆောက်လုပ်ရေး ပန်းရံ၊ လျှပ်စစ်၊ ကွန်ပျုတာ၊ အပ်ချုပ်သင်တန်း စသည်တို့ကို သင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။
ဧရာမြတ်ပြည်ကုမ္မဏီ၊ Vivo ကုမ္ပဏီနှင့် ငွေတောင်ဦးခရီးသွားကုမ္ပဏီတို့ကလည်း သင်တန်းဆင်းလက်မှတ်ရရှိပြီးလျှင် ၎င်းတို့၏ကုမ္ပဏီတွင် အလုပ်လာရောက်လျှောက်နိုင်ရန် ကြိုဆိုခဲ့ကြသည်။

အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာ ကာလတိုသင်တန်းဆင်းပြီး ကျောင်းသားကျောင်းသူ ၄၉၂ ဦးအနက် ၁၃ဝ ဦးသာ အလုပ်ရပြီး ခန့်မှန်းခြေ ၁ဝ ရာခိုင်နှုန်းခန့်သာ အလုပ်အကိုင်ရရှိကြောင်း သိရသည်။

spot_img
spot_img

Recent posts