spot_img
18 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်း၆လအတွင်း အမှုပေါင်း ၁၀၀ ကျော်ကိုဖြေရှင်းခဲ့ပြီး စစ်သုံ့ပန်းအမှု အများဆုံးဖြစ်

၆လအတွင်း အမှုပေါင်း ၁၀၀ ကျော်ကိုဖြေရှင်းခဲ့ပြီး စစ်သုံ့ပန်းအမှု အများဆုံးဖြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကြားကာလ တရားစီရင်ရေးဌာနတည်ထောင်ပြီး ၆ လအတွင်း အမှုပေါင်း ၁၀၀ ကျော်ဖြေရှင်းနိုင်ခဲ့ပြီး အများစုဟာ စစ်သုံ့ပန်းအမှုတွေဖြစ်တယ်လို့ ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က ဆိုပါတယ်။

“တရားရုံးဖွင့်ပြီဆိုတော့ အမှုဖွင့်တာပေါ့။ လာတိုင်တဲ့သူရှိတယ် အထူးသဖြင့် အမှုတွေ ပေါ်ပေါက်လာတယ် ပြဿနာတွေရှိရင် ဖြေရှင်းတာမျိုးတွေ ရှိတာပေါ့။ အမှုဖြေရှင်းတာကတော့ အများကြီးရှိပါပြီ အမှုပေါင်း တစ်ရာကျော်ပြီ။ ၂၀၂၃ကတည်းက စထားတာ အမှုပေါင်း ၁၀၀ ကျော်ပြီ။ အများဆုံးကတော့ သုံ့ပန်းပေါ့ သုံ့ပန်းမှုတွေရှိမယ် မူးယစ်မှုတွေရှိမယ် Rape မဒိမ်းမှုတွေ တမှုတလေ တက်လာတာလည်းရှိတယ်။”လို့ ခူးပိုးရယ်က ဆိုပါတယ်။

ပြည်နယ်တရားရုံးကနေ ဆက်လက်တရားစီရင်နေဆဲ အမှုတွေလည်း ရှိနေသေးတယ် လို့ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ သုံ့ပန်းတွေကို ရဲဌာနအသီးသီးက အချုပ်ထောင်တွေမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

၂၀၂၃ခုနှစ် ဒီဇင်ဘာလမှာ ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဌာနကနေ တရားစီရင်ရေးလုပ်ငန်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ တရားစီရင်ရေးစနစ်ဖြစ်လာဖို့ နဲ့ လူထုယုံကြည်တဲ့ တရားရုံးဖြစ်လာနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ