spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းစစ်ရှောင်မွေးလူနာတစ်ဦး ဆေးရုံကိုအချိန်မီ မရောက်နိုင်တာကြောင့် ကလေးငယ်သေဆုံး

စစ်ရှောင်မွေးလူနာတစ်ဦး ဆေးရုံကိုအချိန်မီ မရောက်နိုင်တာကြောင့် ကလေးငယ်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ အင်တော စစ်ဘေးရှောင်စခန်းက မွေးလစေ့ပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဆေးရုံကို အချိန်မီ မသွားရောက်နိုင်တာကြောင့် ကလေးငယ် အသက်သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။

“ဆေးရုံ၊ ဆေးခန်း သွားဖို့ နောက်ကျတယ်ပေါ့၊ မနက်ကတည်းက ဖြစ်တော့ ညနေမှ ဆေးရုံ၊ ဆေးခန်းသွားတော့ နည်းနည်း နောက်ကျသွားတာပေါ့နော။” လို့ လိုက်ပါကူညီပေးသူ တစ်ဦးက ဆိုပါတယ်။

မွေးလူနာဟာ အင်တော စစ်ရှောင်စခန်းမှာ အရပ်လက်သည်နဲ့ မွေးဖို့ ကြိုးစားခဲ့ပေမဲ့ သွေးထွက်လွန်တာကြောင့် စစ်ရှောင်စခန်းကနေ ၄နာရီကြာ သွားရတဲ့ ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ ကလေးငယ် သေဆုံးခဲ့တာပါ။

“စစ်ဘေးရှောင်နေရတဲ့ အချိန်ဆိုတော့ ဆေးရုံ၊ ဆေးခန်းသွားဖို့ကလည်း မမီဘူးပေါ့ ခက်ခဲတယ် အရပ် လက်သည်နဲ့ပဲ မွေးရတာ။ မွေးမိခင် ထပ်မမွေးနိုင်တော့လို့ ဆေးရုံ၊ ဆေးခန်း သွားရမယ်ဆိုပြီး သွားတာ အမှန်တော့ ကလေးက လမ်းမှာပဲ ဆုံးပါးသွားတာဖြစ်တယ်။” လို့ ကူညီဆောင်ရွက်ပေးခဲ့သူ တစ်ဦးကပြောပါတယ်။

အဆိုပါ မွေးလူနာဟာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ယခု မိုးတွင်းကာလမှာ ဖရူဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းအများစုက အရေးပေါ် လူနာတွေကို ဆေးရုံ၊ ဆေးခန်းရှိရာ လိုက်လံပို့ဆောင်ရာမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကြန့်ကြာမှုတွေရှိနေတာပါ။

ဖရူဆိုမြို့နယ်အင်တော စစ်ရှောင်စခန်းမှာ တစ်နှစ်အတွင်း ဆေးရုံ၊ဆေးခန်းကို အချိန်မီမသွားရောက်နိုင်တာကြောင့် သေဆုံးတဲ့ မွေးကင်းစကလေးငယ် ၂ ဦးထိရှိနေပြီလို့ သိရပါတယ်။

အင်တော စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၈၀၀ ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ