Homeသတင်းကရင်နီ သားဖွားဆရာမများအသင်း (KMS) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့

ကရင်နီ သားဖွားဆရာမများအသင်း (KMS) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ သားဖွားဆရာမများအသင်း (KMS)ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားကို ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ကရင်နီသားဖွားဆရာမများအသင်းဟာ CDM ပြုလုပ်ထားသူတွေနဲ့ စုဖွဲ့ထားတာဖြစ်ပြီး အမျိုးသမီးများသာ ပါဝင်ကြတယ်လို့ ဆိုပါတယ်။

KMSကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ ၂နှစ်ပြည့် အခမ်းအနားမှာတော့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျန်းမာရေးအသင်းအဖွဲ့များမှ ဆရာ/မ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

ကရင်နီသားဖွားဆရာမများ အသင်းဟာ ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဆေးရုံ ဆေးခန်း မရှိတဲ့ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်‌တွေနဲ့ ၅ နှစ်အောက်ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတာအပြင် အိမ်တိုင်ရာရောက် မွေးဖွားပေးတာ၊ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးထိုးခြင်း၊ ပဏာမကျန်းမာရေး စောင့်ရှောက်ပေးတာ၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ထောက်ပံ့ပေးတာ၊ (17) diseases၊ NCD (မကူးစက်တတ်သော ရောဂါ)၊ ကျန်းမာရေးပညာပေးနဲ့ အာဟာရပစ္စည်းများ ပေး‌ဝေတာ စတဲ့ ဝန်ဆောင်မှုတွေကို ပေးနေတယ်လို့ ဆိုပါတယ်။

KMS အနေနဲ့ ရှမ်းတောင် ဖယ်ခုံ၊ မိုးဗြဲအပြင် ကရင်နီပြည် လွိုင်ကော်မြို့နယ် ၊ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်က ဒေသခံနဲ့ စစ်ရှောင်တွေအတွက် အဓိကထား ကျန်မာရေးစောင့်ရှောက်ပေးပြီး ယခုလို ကျန်းမာရေးစောင့်ရှောက်မှုတွေ အသိပညာတွေပေးနေတယ်လို့ သိရပါတယ်။

ကရင်နီသားဖွားဆရာမများ အသင်း ဖွဲ့စည်းပြီး ၂ နှစ်အတွင်း လက်လှမ်းမီတဲ့ မြို့နယ်တွေမှာ KMS သီးသန့် ဆေးခန်း (၃၁) လုံးအပြင်၊ IEC နဲ့ပူးပေါင်းပြီးဆေးခန်း (၃၃) လုံးဖွင့်လှစ်ကာ စုစုပေါင်း ဆေးခန်း (၆၄) လုံးရှိပါတယ်။ လက်ရှိမှာတော့ KMS ဆရာမများ ဦးရေ (၁၃၃) ဦး အထိ ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ