spot_img
13.7 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုက ကျေးရွာလမ်းချင်းဆက် အများပြည်သူသွားလမ်းကို ကိုယ်ထူကိုယ်ထပြုပြင်နေကြ ၊ အကူအညီလိုအပ်နေ

ဖရူဆိုက ကျေးရွာလမ်းချင်းဆက် အများပြည်သူသွားလမ်းကို ကိုယ်ထူကိုယ်ထပြုပြင်နေကြ ၊ အကူအညီလိုအပ်နေ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကေးလျားကျေးရွာအုပ်စုအတွင်းက ကျေးရွာ လမ်းချင်းဆက် နဲ့ အများပြည်သူ သွားလာနေတဲ့ မော်ချီးလမ်း (လမ်းလွဲ)ကို သွားလာရေး အဆင်ပြေစေဖို့ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ လမ်းပြုပြင်နေကြတယ်လို့ သိရပါတယ်။

“အခက်အခဲကတော့ လူအားနဲ့ပဲ လုပ်တော့ စက်ယန္တရားလိုမျိုးတော့ မဖြစ်ဘူးပေါ့နော။ ပြီးတော့ မြေသားလမ်းပဲဖြစ်တဲ့အတွက် မကြာခဏပြုပြင်နေရတာ၊ ဘာအကူအညီမှလည်း မရှိဘူး။ ဘတ်ဂျက် လည်း မရှိဘူး။ မျှော်မှန်းထားသလောက်လည်း အရာမရောက်ခဲ့ဘူးပေါနော။ ဒီလမ်းကို ဆက်လက်ပြုပြင်နိုင်ဖို့ အကူအညီတော့ လိုအပ်တာပေါ့။”လို့ ကိုယ်ထူကိုယ်ထ လမ်းပြုပြင်ဖို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။

ကိုယ်ထူကိုယ်ထ လမ်းပြုပြင်တဲ့နေရာဟာ မြေသားလမ်းဖြစ်ပြီး လမ်းနေရာကျယ်အောင် ခြုံနွယ်ပင်တွေလည်း ရှင်းလင်းနေကြပါတယ်။ မြေသားလမ်းဖြစ်တာကြောင့် မိုးရာသီကာလမှာ သွားလာရေးအဆင်မပြေဘဲ မကြာခဏ ပြုပြင်နေရတယ်လို့ ဆိုပါတယ်။

အဆိုပါ လမ်းကို ကျေးရွာခံတွေအပြင်၊ ခရီးသွားလာကြတဲ့ ပြည်သူတွေလည်း အသုံးပြုနေကြပြီး ဒီးမော့ဆို – ဖရူဆို သွားတဲ့ လမ်းဖြစ်တယ်လို့ သိရပါတယ်။

“IEC က ဖြစ်ဖြစ် project တစ်ခုခု ရှိရင်တော့ ကောင်းတာပေါ့၊ မျှော်လည်း မျှော်လင့်နေတာပေါ့နော်” လို့ အဆိုပါ ဦးဆောင်သူတစ်ဦးက ဆက်ပြောပါတယ်။

လူအင်အားနဲ့ပဲ မြေသားလမ်းကို ပြုပြင်ဆောင်ရွက်နေကြပြီး စက်ယန္တရားအပြင် သဲ ၊ ကျောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစပြီး ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ ရွာ နဲ့ စစ်ဘေးရှောင်တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထ လမ်းကို ပြုပြင်ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ