spot_img
27.1 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့

ပြည်နယ်နေ့ အခမ်းအနား တက်ရောက်ဖို့ လွိုင်ကော်ကိုရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင်ကို BWM အဖွဲ့ ဦးဆောင်ပြီး ရှော့တိုက်ဒုံး ပစ်ခတ်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ( ၇၃ ) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ဖို့ ကရင်နီပြည် လွိုင်ကော်မြို့ကိုရောက်နေတဲ့ ဒု-စစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရှိတဲ့နေရာကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ ည ၇ နာရီမှာ BWM ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နဲ့ (Anti-Coup People’s Liberation Force – ACPLF) တပ်ဖွဲ့တို့ ပူးပေါင်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့အဖွဲ့တွေပစ်ပြီးပြီးချင်း သူတို့ဘက်က ချက်ချင်းလက်နက်ကြီးနဲ့ ၁၀ ချက်ကျော် ရမ်းသမ်းပြန်ပစ်ပါတယ်။ အဲဒီနောက် နယ်မြေတဝိုက်မှာလည်း ဒရုန်းတွေ လေယာဥ်တွေ လက်နက်ကြီးတွေနဲ့ ပတ်ပြီးပစ်နေခဲ့ပါတယ်။”လို့ BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

ပုံစာ – ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်းက လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ နဲ့ ဒကစ ကို ရှော့တိုက်ဒုံး နဲ့ ပစ်ခတ်မှုမြင်ကွင်း။( ဓါတ်ပုံ BWM )

ညစာစားပွဲကျင်းပနေတဲ့ ပြည်နယ်ခန်းမအတွင်းကို ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (လွိုင်ကော်)အတွင်းကိုလည်း ပစ်ခတ်ခဲ့သလို တစ်ညအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၇လုံး ပစ်ခတ်ခဲ့ကာ ၆ လုံးကို‌ အောင်မြင်စွ ာပစ်ခတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ BWM က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့ ညက လွိုင်ကော်မြို့ပေါ်မှာ နှစ်ဖက်ပစ်ခတ်သံကို ကြားရပြီး ဒီကနေ့ မနက်ပိုင်းအထိ ဒေသခံတွေ ထိခိုက်မှုကိုတော့ မကြားရဘူးလို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“တော်လှန်ရေးဖက်က လာပစ်တော့ စစ်ကောင်စီတွေကလည်း လွိုင်ကော်ကနေ ပြန်လှမ်းပစ်တာတဲ့။ လောလောဆယ်တော့ လွိုင်ကော်မှာက ပြည်သူဖက်က ထိခိုက်မှု ရှိတာတော့ မကြားမိသေးဘူး။”လို့ လွိုင်ကော်ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

(၇၃) နှစ်မြောက် ကယားပြည်နယ်နေ့ မတိုင်ခင် ဇန်နဝါရီလ ၁၄ရက်နေ့ညပိုင်းမှာလည်း လွိုင်ကော်မြို့အနီးပတ်ဝန်းကျင်မှာ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်တာ ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေရှိပေမယ့် အခြေအနေအသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ