spot_img
22.7 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းနိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်းရှိ၊ ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ၁ ဒသမ...

နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်းရှိ၊ ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ၁ ဒသမ ၅သန်း တိုးမြင့်လာ

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီအာဏာသိမ်းတဲ့ ၄ နှစ် ဝန်းကျင်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ကြတဲ့ စစ်ရှောင်လူထု ၃ဒသမ ၆ သန်းရှိပြီး ၁ ဒသမ ၅သန်း (၄၃) ရာခိုင်နှုန်းဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တိုးလာတာကို တွေ့ရတယ်လို့ BNI – Myanmar Peace Monitor ရဲ့ Coordinator ကိုနှင်းကို က ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ BNI – Myanmar Peace Monitor ကထုတ်ဝေတဲ့ “မြို့သိမ်းခြင်း၊မြို့ထိန်းခြင်း နှင့် တော်လှန်ရေးရဲ့ ဦးတည်ရာ” အစီရင်ခံစာ မိတ်ဆက်ပွဲမှာ ပြောကြားသွားတာပါ။

“အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကြောင့်ဖြစ်တဲ့ နေရပ်စွန့်ခွာ ပြည်သူပေါင်းက ၃ ဒသမ ၆သန်း ရှိတယ်။ ဒီဟာရဲ့ ၁ ဒသမ ၅ သန်းကျော် ၄၃ ရာခိုင်နှုန်းက တော့ ဒီမြို့သိမ်းမြို့ထိန်း ဖြစ်စဥ်နဲ့ ဆက်စပ်ပြီးတော့မှ ကျနော်တို့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဒါလည်း ၁၀၂၇ စစ်ဆင်ရေး ကြောင့်ဖြစ်တယ်လို့ သုံးသပ်တာမျိုးတော့ မဟုတ်ဘူး။ ကာလပိုင်းခြားတဲ့အခါမှာ ၂၀၂၃ အောက်တိုဘာလ နောက်ပိုင်းမှာ ကျနော်တို့ စစ်ဘေးရှောင်အရေအတွက်တွေကတော့ ပိုပြီးတော့ များလာတာမျိုးကို တွေ့တယ်။ “လို့ ကိုနှင်းကိုက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ် (၃)ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းကာလ တစ်လျှောက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို တစ်ဖက်မှာတိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ တိမ်းရှောင်မှု လစဥ် ရှိနေတာပါ။

ပြည်သူလူထု တိမ်းရှောင်မှုအများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းရန်ဟာ မြို့သိမ်းဖြစ်စဥ်မှာ ပြည်သူလူထုတွေရဲ့ အသက်ရှင်လုံခြုံမှုအတွက် အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်စေတယ်လို့ ကိုနှင်းကိုက ပြောပါတယ်။

အာလားတူ ကရင်နီမှာလည်း အာဏာသိမ်းကာလ ၄ နှစ် ဝန်းကျင်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့ စစ်ရှောင်လူထု ၃သိန်းခွဲခန့် ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ