spot_img
24.8 C
Loikaw
Sunday 1, March 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမတ်လ အတွင်း မြေမြုပ်မိုင်းနဲ့ ကြောင့် ထိခိုက်ဒဏ်ရာရှိသူအရပ်သား ၈ ဦးရှိသည့်အနက် ၂ ဦးသေဆုံးခဲ့

မတ်လ အတွင်း မြေမြုပ်မိုင်းနဲ့ ကြောင့် ထိခိုက်ဒဏ်ရာရှိသူအရပ်သား ၈ ဦးရှိသည့်အနက် ၂ ဦးသေဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ မတ်လ တစ်လအတွင်း မြေမြုပ်မိုင်း ကြောင့် ထိခိုက်သူအရပ်သား ၈ ဦးရှိပြီး အဲဒီထဲက ၂ ဦးဟာသေဆုံးသွားကြောင်း ကန္တာရဝတီတိုင်း(မ်) ရဲ့ ပြုစုထားစာရင်းအရ သိရပါတယ်။

ကန္တာရဝတီတိုင်း(မ်) ရဲ့ ပြုစုထားတဲ့စာရင်းနဲ့ မြေပြင် ပရဟိတလှုပ်ရှားရေးအဖွဲ့တွေရဲ့ လက်လှမ်းမီ စာရင်းတွေအရ အဆိုပါ မိုင်းကြောင့် ထိခိုက်သူတွေဟာ လွိုင်ကော်မြို့ပေါ်မှာ ၆ဦးနဲ့ နန်းမယ်ခုံမြို့နယ်အတွင်းမှာ ၂ဦး ဖြစ်ပါတယ်။ စာရင်းအရတော့ လွိုင်ကော်မြို့ပေါ်က ၂ဦးက သေဆုံးခဲ့တာပါ။

မြေမြုပ်မိုင်းနင်းမိတဲ့ အရပ်သားအများစုဟာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ နေရပ်ကို ပြန်ရင်း နင်းမိခဲ့ကြတာဖြစ်ပါတယ်။

“အိမ်ကရှိသေးပေမဲ့ အခုလို မိုင်းတွေရှိသေးတာ မိုင်းတွေနင်းမိကြတာ ကြားရမြင်တွေ့ရတော့ အိမ်ပြန်ချင်စိတ်လည်းမရှိတော့ဘူး။ ဒီလို ကိုယ်လက်အင်္ဂါစုံသေးတာတောင် ဒီလိုအခြေအနေနဲ့က စားဝတ်နေရေးတော်တော်ခက်ခဲတာ။” လို့ နန်းမယ်ခုံဒေသခံ စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မိုင်းအန္တာရာယ်နဲ့ ဆက်စပ်ပြီး အထူးသတိရှိစေကြဖို့နဲ့ လက်နက်ခဲယမ်းဆိုင်ရာပစ္စည်း ထိတွေ့ကိုင်တွယ်မှုတွေ မလုပ်ကြဖို့ ပြောချင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး(၂) ဦးဗညားက အခုလိုပြောပါတယ်။

“အကြောင်းရင်းအမျိုးမျိုးကြောင့် ကျနော်တို့ ဌာနေ ကျနော်တို့ ကျေးရွာကို ပြန်တဲ့အချိန်မှာ မိုင်းအန္တာရာယ်ကို အထူးအသိရှိစေချင်တယ်။ နောက်တစ်ခုက ကျနော်တို့ ပေါက်ကွဲတတ်တဲ့ လက်နက်ခဲယမ်းတွေကို လုံးဝ မထိမကိုင်တွယ်ပဲ ကျနော်တို့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက တချို့ တားမြစ်ဧရိယာ လည်း ရှိသေးတော့ ကျနော်တို့ အဝင်အထွက် သွားလာ အထူးသတိပြုစေချင်တယ် ဆိုတဲ့ဟာလောက်ပဲ ပြောလို့ရမယ်။”လို့ ဦးဗညားကဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့ အတွင်း မှာပဲ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ထဲမှာ လက်လုပ်မိုင်းကို ကိုင်တွယ်ဆော့ရာကနေ အရပ်သား ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး အဲဒီထဲက ၁ဦးသေဆုံးခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ