spot_img
26.8 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလေပြင်းတိုက်ခတ်မှုကြောင့် ပွန်ချောင်းစစ်ရှောင်စခန်းက တဲအိမ် (၁၅) လုံး နဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပျက်စီး၊ အရေးပေါ်အကူညီ လိုအပ်နေ

လေပြင်းတိုက်ခတ်မှုကြောင့် ပွန်ချောင်းစစ်ရှောင်စခန်းက တဲအိမ် (၁၅) လုံး နဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်း ပျက်စီး၊ အရေးပေါ်အကူညီ လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက ပွန်ချောင်း စစ်ဘေးရှောင်စခန်းအမှတ် ၇ မှာ ယမန်နေ့ (ဧပြီလ ၂၂ရက်နေ့) ညနေ ၄ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၅ လုံးနဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတစ်လုံးရဲ့ အမိုးအကာတွေ ပျက်စီးသွားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“လေကြီးတိုက်တယ်။ မိုးလည်းကြီးတယ်။ နေအိမ် ၁၅ လုံးပျက်တာတွေ့တယ်။ ”လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေရဲ့ တဲအိမ်တွေနဲ့ ဆေးခန်းကို ပြန်လည်ပြင်ဆင်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အဓိကထိသွားက လူနေအိမ်နဲ့ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းပါ။” လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းအမှတ် ၇ မှာ အိမ်ခြေပေါင်း ၁၆၄ အိမ်နဲ့ လူဦးရေ စုစုပေါင်း ၆ဝ၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ တတိယအပတ်မှာလည်း ဖရူဆိုမြို့နယ်ထဲက ဆိုသယ်စစ်ဘေးရှောင်စခန်းမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင် ဆေးပေးခန်းနဲ့ တဲအိမ်တချို့အမိုးအကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ