spot_img
18.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းYAC ကျောင်းသားဟောင်းတွေ ဦးဆောင်တဲ့ အခြေခံအင်္ဂလိပ်စာ သင်တန်းနှစ်လတာ ပြီးစီး

YAC ကျောင်းသားဟောင်းတွေ ဦးဆောင်တဲ့ အခြေခံအင်္ဂလိပ်စာ သင်တန်းနှစ်လတာ ပြီးစီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ Youth Academy College (YAC) ကျောင်းသား၊ ကျောင်းသူဟောင်းကနေ ဦးဆောင်ပြီး သင်ကြားတဲ့ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲကို မေလ ၅ ရက်နေ့မှာ ပြုလုပ်သွားပါတယ်။

နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကလေးတွေ အချိန်ကို အကျိုးရှိစွာအသုံးချတတ်အောင်၊ အင်္ဂလိပ်စာထိတွေ့မှုများလာအောင် ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်တယ်လို့ သင်တန်းမှာ သင်ကြားပေးနေသူ ဆရာမတစ်ဦးက အခုလို ပြောပါတယ်။

“သင်တန်းသား/သူ တွေကို အဓိကထား သင်ကြားပေးတာတော့ ဒီသင်တန်းတက်ရောက်ပြီးသွားတဲ့ အချိန်မှာ သူတို့က Grammar (သဒ္ဒါ) နဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ သူတို့ မှန်မှန်ကန်ကန်နဲ့ သုံးလာနိုင်အောင် ဖြစ်တယ်။ ဒီလူငယ်တွေက ကျောင်းဆက်လက် တက်ကြရမယ့် သူတွေပဲ ဖြစ်တယ်။ ကျောင်းပြန်တက်တဲ့ အချိန်ကျရင် အင်္ဂလိပ်စာနဲ့ ပိုမို ရင်းနှီးကျွမ်းဝင်သွားပြီး ပြောရဲ ဆိုရဲလာအောင် အဓိက ထား သင်ကြားပေးတာ ဖြစ်တယ်”လို့ သင်တန်းမှာ သင်ကြားပေးသူ ဆရာမတစ်ဦးက ပြောပါတယ်။

သင်တန်းကာလ နှစ်လတာ ကြာမြှင့်ပြီး သင်တန်းအတွင်းမှာတော့ Basic English Grammar ၊ English – 4 Skills နဲ့ Leadership ၊ Learning Skills တို့ကိုလည်း ထည့်သွင်း သင်ကြားပေးတယ်လို့ ဆိုပါတယ်။

ပထမဆုံး အကြိမ် ဖွင့်လှစ်တဲ့ အဆိုပါ သင်တန်းကို တက်ရောက်ကြတဲ့ အသက် ၁၀ နှစ်ကနေ ၂၀ ကြားက ကလေး၊ လူငယ် စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ကို သင်တန်းဆင်း လက်မှတ် ပေးအပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီတွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ